Site icon Migrant Times

မိုးရွာပြီး မဲဆောက်-တာ့ခ်လမ်း ကွန်ကရစ် မျက်နှာပြင် နှိမ့်ကျ

◼မဲဆောက်-မြဝတီတွင် သောင်ရင်းမြစ်ရေ ၁၂ ခန့်မြင့်တက်နေ
ဇူလိူင် ၃ဝ ၊ Migrant Times
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မဲဆောက်-တာ့ခ်လမ်း ဖဝေါ်အနီးရှိကွန်ကရစ် မျက်နှာပြင်သည် ယမန်နေ့ ဇူလိူင်လ ၂၉ ရက်နေ့တွင် နှိမ့်ကျခဲ့ကြောင့် မဲဆောက်အခြေစိုက် ထိုင်းသတင်းသမားတစ်ဦးက လူမှုကွန်ရက်တွင် ဓာတ်ပုံနှင့်ဖော်ပြသည်။

“မဲဆောက်-တာ့ခ် လမ်းမကြီးရဲ့ ကီလိုမီတာ ၂၄၊ ဖဝေါနတ်ကွန်းဘုရား တောင်ကုန်းအနီး ယာဉ်ကြောမျက်နှာပြင်မှာ မြေကျွံမှုဖြစ်ပေါ်ခဲ့ပါတယ်။ ရှည်လျားတဲ့ အက်ကွဲကြောင်းတွေ ဖြစ်ပေါ်နေပါတယ်” ဟု၎င်း ကရေးသားခဲ့သည်။

၎င်း နောက် တာဝန်ရှိသူများက သွားလာသည့် ကားများ အန္တရာယ်မဖြစ်စေရန် တာ့ခ်ခရိုင်နှင့် မဲဆောက်မြို့နယ်သို့ ယာယီလမ်းလွှဲတစ်ခု ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။

ထိုင်း-မြန်မာနယ်စပ်၊မဲဆောက်မြို့နယ်တွင် ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယနေ့ ဇူလိူင်လ ၃ဝ ရက်တွင် သောင်ရင်းမြစ်ရေတက်က မြစ်ကမ်းဘေးရပ်ကွက်များ ရေဝင်ရောက်နေကြောင်း သိရသည်။

သောင်ရင်းမြစ်ရေသည် ယနေ့နံနက်တွင် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့၌ စိုးရိမ်ရေမှတ်အထက် ၁၂ ပေခန့်ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်းတွင် ၁ ပေခွဲခန့် ဆက်လက်မြင့်တက်လာနိုင်ကြောင်း
စစ်ကောင်စီ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်သည်။

Exit mobile version