Site icon Migrant Times

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ရှိ ဒုက္ခသည် ၅ သောင်းကျော်အတွက် FED လှူဒါန်းရန်ဖိတ်ခေါ်

ဩဂုတ် ၁ ၊ Migrant Times ။
ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ရှိ ဒုက္ခသည် ၅၃,၃၁၂ ဦး အတွက် အရေးပေါ်လိုအပ်သည့် ပစ္စည်းများပါဝင်လှူဒါန်းနိုင်ကြောင်း ပညာရေးနှင့်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (FED)မှထုတ်ပြန်သည်။
ထိုင်းတောင်ပိုင်း ဖန်ငါပြည်နယ်ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၊ဒေသခံအသိုင်းအဝိုင်းတို့နှင့်အတူ လက်ရှိအကျပ်အတည်းဒဏ်ခံစားနေရသူများအား စိတ်ရင်းစေတနာဖြင့် ကူညီပံ့ပိုးရန် ဖိတ်ခေါ်ခြင်းဖြစ်ကြောင်း FED ကထုတ်ပြန်သည်။

၂၀၂၅ ခုနှစ် ဩဂုတ်လ (၁)ရက်နေ့မှ (၅)ရက်နေ့အထိလာရောက် လှူဒါန်းနိုင်ပြီး လှူဒါန်းပစ္စည်းအားလုံးကို ဩဂုတ်လ (၆) ရက်နေ့တွင် ဆူရင်ပြည်နယ်သို့ ကားဖြင့် တိုက်ရိုက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ထိုင်းနိုင်ငံ၊ ဆူရင်ပြည်နယ်တွင် ဒုက္ခသည်စခန်း ၁၂၂ ခုနှင့် ဒုက္ခသည် ၅၃,၃၁၂ ဦး ရှိပြီး ကြာရှည်ခံ အစားအစာများ(ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ စသဖြင့်)၊ အခြေခံဆေးဝါးနှင့် ကျန်းမာရေးထောက်ပံ့ပစ္စည်းများ(OTC ဆေးဝါးများ၊ ခြင်ဆေး စသဖြင့်) ၊တစ်ကိုယ်ရေသန့်ရှင်းရေး ပစ္စည်းများ(သွားတိုက်တံ၊ သွားတိုက်ဆေး၊ ဆပ်ပြာ စသဖြင့်)၊ ညအိပ်ပစ္စည်းများ(စောင်များ) လိုအပ်နေကြောင်းသိရသည်။

ထို့ပြင် ကလေးများ၏ ပန်းချီဆွဲပစ္စည်းများ(ရောင်စုံခဲတံများနှင့် အခြားပစ္စည်းများ) ၊အရုပ်များ(စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုအတွက် အရုပ်များ သို့မဟုတ် နှစ်သိမ့်မှုအရုပ်များ)လည်း ပါဝင်လှူဒါန်းနိုင်ကြောင်း FED တာဝန်ရှိသူကပြောသည်။

လှူဒါန်းလိုသူများအနေဖြင့် အောက်ပါနေရာဒေသများအား ဆက်သွယ်နိုင်ကြောင်း FED ကထုတ်ပြန်သည်။
နေရာ (၁)
🏠 FED ရုံးချုပ်
အမှတ် ၂၀/၄ ၊ ခိခတ်တိုက်နယ်၊ တကွာပါမြို့နယ်၊ ဖန်ငါပြည်နယ်
🕘 နံနက် ၀၉ : ၃၀ နာရီ မှ ညနေ ၀၄ : ၃၀ နာရီထိ (တနင်္လာနေ့မှ သောကြာနေ့ထိ)
📞 ဖုန်း: 061 235 9421
🔗 Google Maps တည်နေရာ
https://maps.app.goo.gl/p3qkwRP9Cm6ofXZb8
နေရာ (၂)
🏪 A-Mart စတိုး၊ ဘန်နိယန်း
📅 အင်္ဂါနေ့ ၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၅)ရက်နေ့တွင် FED ဝန်ထမ်းများမှ အလှူပစ္စည်းများကို တိုက်ရိုက်လက်ခံသွားပါမည်။
🔗 Google Maps တည်နေရာ
https://maps.app.goo.gl/iJx5QTWWZTz94Uqs9
နေရာ (၃)
🏪 Wichit Kankar Store (วิชิต การค้า)
Phetkasem လမ်းမပေါ်၊ ခူ့ခတ်တံတားမရောက်ခင်နေရာတွင်တည်ရှိသည်။
🔗 Google Maps တည်နေရာ
https://g.co/kgs/PRgG1rqmaps.app.goo.gl
ပိုမိုသိရှိလိုပါက 089-721-8465 (မစ်(စ်) စီရီမာ) သို့ဆက်သွယ်နိုင်ကြောင်းသိရသည်။

Exit mobile version