ဩဂုတ် ၂ ၊ Migrant Times ။
ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ Victory Monument အထိမ်းအမှတ်ကျောက်တိုင်တွင် ထိုင်းအမျိုးသားရေးဝါဒီ အစွန်းရောက်အုပ်စုများက စစ်တပ်ကိုထောက်ခံကြောင်း ယနေ့(ဩဂုတ် ၂)တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ထိုင်းမျိုးချစ်များက ထိုင်းစစ်တပ်ကို ထောက်ခံသော်လည်း ယာယီဆိုင်းငံခံထားရသည့် ဝန်ကြီးချုပ် ပေသုန်ထန် ရှင်နာဝပ်ကို ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုကြသည်။
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တွင်ပိုင်နက်နယ်မြေကို ကာကွယ်ရန် ပျက်ကွက်မှုအတွက် ထိုင်းအစိုးရကို ပြစ်တင်ရှုတ်ချကြပြီး မလေးရှားနိုင်ငံတွင် ကျင်းပသည့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွင် တတိယနိုင်ငံများ၏ ဝင်ရောက်စွက်ဖက်မှုကြောင့် နယ်စပ်ရှိတာခွိုင်ဘုရားကျောင်း ဆုံးရှုံးခဲ့သည်ဟုလည်းပြောကြားကြသည်။
ယခင်ရှပ်နီခေါင်းဆောင်ဟောင်း ယခု People’s Fusion Group ၏ ခေါင်းဆောင်ဖြစ်သူ ဂျတုပွန် ပရောမ်ဖန်သည် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အခြေအနေအပေါ် စိုးရိမ်ပူပန်ကြောင်း ထိုင်းသတင်းထောက်များကို ဆန္ဒထုတ်ဖော်ပွဲတွင် ပြောကြားခဲ့သည်။
Photo – Khaosod