ချင်းမိုင်တွင် အထောက်အထားမရှိသည့် မြန်မာ ၅ ဦးဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့ Chang Phueak ရပ်ကွက်ရှိတွင် အထောက်အထားမရှိသည့် မြန်မာနိုင်ငံသား ၅ ဦးကို စစ်ဆေးဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်လူဝန်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်သည်။
ယမန်နေ့ ဩဂုတ်လ ၅ ရက်နေ့တွင် Hassadhisewee လမ်းတစ်ဝိုက်ရှိနေရာများကို စစ်ဆေးခဲ့ပြီး တရားမဝင် ဝင်ရောက်နေထိုင်သည့် မြန်မာ ၅ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
မြန်မာ ၅ ဦးသည် ပြီးခဲ့သည့် ၅ ရက်ခန့်က နယ်စပ်လမ်းကြောင်းမှတစ်ဆင့် လာရောက်ခဲ့ပြီး
ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာကြောင်း ဝန်ခံခဲ့သည်ဟုလူဝန်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်သည်။
မြန်မာ ၅ ဦးအား ချင်းမိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံးရှိ ပိတ်ပင်-ပြန်ပို့ဌာနသို့ ပို့ဆောင်ခဲ့ပြီး ဥပဒေအရအရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ချင်းမိုင်မြို့တွင် ပြီးခဲ့သည့် ဇူလိူင်လတွင်းကလည်း မြန်မာစားသောက်ဆိုင်ဝန်းတွင်းရှိ မြန်မာဆိုင်ရှင် ၃ ဦးနှင့် ရွှေ့ပြောင်းလုပ်သား ၃ ဦး ဖမ်းဆီးခြင်းခံခဲ့ရသည်။
Migrant Times ၏သတင်းစုစည်းမှုအရ ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့် ဇွန်လအတွင်း၌ မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမား ၃၇ဝ ဦးထက် မနည်းဖမ်းဆီးခြင်းခံခဲ့ရပြီး ဇူလိူင်လအတွင်းတွင် ၁၅ဝ ဦးထက်မနည်းဖမ်းဆီးခြင်းခံခဲ့ရသည်။