STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး နှင့် အဖွဲ့ဝင်များကို ချုပ်ရက်ရမန်ယူ

သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချူပ် (STUM) ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး နှင့် အဖွဲ့ဝင် ၉ ဦးကို ယမန်နေ့ ဩဂုတ်လ ၇ ရက်နေ့တွင် ရန်ကုန်မြို့ တရားရုံး ၃ ရုံး၌ သီးခြားစီ ချုပ်ရက်ရမန်ယူခဲ့ကြောင်း STUM တာဝန်ရှိသူက Migrant Times ကိုယနေ့ ပေးပို့သည့် သတင်းထုတ်ပြန်ချက်အရ သိရသည်။

STUM ၏ သတင်းထုတ်ပြန်ချက်တွင် ဩဂုတ်လ ၇ ရက်နေ့၌ ၎င်းတို့အား ၁၉၆၁ ခုနှစ် ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နှင့်ခံဝန်အက်ဥပဒေ ပုဒ်မ ၅(၁)(စ)(ဆ) ဖြင့် သီးခြားစီ အမှုစွဲဆိုပြီး ရွှေပြည်သာ၊ မြောက်ဥက္ကလာ၊ အင်းစိန်မြို့နယ်တရားရုံး (၃)ရုံးမှ ချုပ်မိန့်ရမာန်ပေးခဲ့သည်။

ရန်ကုန်မြို့ ၊ရွှေပြည်သာမြို့နယ်တရားရုံးတွင် လာမည့် ဩဂုတ်လ ၂ဝ ရက်နေ့၌ STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး နှင့် မသင်းထက်စံ ၊ မစုမြတ်နွယ်၊ မမြင့်မြင့်ခိုင် ၊ကိုသီဟ ၊ကိုဇော်ထိုက် ၊ကိုကျော်သက်နိုင် ၊ကိုဇော်ဆန်းနိုင်တို့ အားနောက်ထပ်ရုံးချိန်းချိန်းဆိုထားသည်။

မြောက်ဥက္ကလာပ မြို့နယ်တရားရုံးတွင် လာမည့် ဩဂုတ်လ ၁၄ ရက်နေ့၌ ဂျွန်တူးမောင်အား နောက်ထပ်ရုံးချိန်းချိန်းဆိုထားသည်။

အင်းစိန် မြို့နယ်တရားရုံးတွင်လာမည့် ဩဂုတ်လ ၁၄ ရက်နေ့၌ မဟေမာန်ဦးအား နောက်ထပ်ရုံးချိန်းချိန်းဆိုထားကြောင်း STUMမှသိရသည်။

“အမှုကိစ္စက တရားရုံးချိန်းပြီးမှ သိရမှာခင်ဗျ၊ အဲ့ဒီအတွက်ကတော့ မဖြေကြားပေးနိုင်သေးဘူး”ဟု

STUM တာဝန်ရှိသူက Migrant Times ကို ယနေ့ပြောကြားသည်။

စစ်ကောင်စီက STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးကို ၎င်း၏နေအိမ်၌ ပြီးခဲ့သည့် ဇူလိူင်လ ၂၅ ရက်နေ့ညတွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

၎င်းနောက် STUM ဝန်ထမ်း ၁ဝ ဦးကို ဇူလိူင်လ ၂၆ ရက်မှ ၂၈ ရက်အတွင်း ထပ်မံဖမ်းဆီးခဲ့သည်။

ဝန်ထမ်း ကိုဖြိုးလွင်အား ဇူလိူင်လ ၂၆ ရက်တွင် ၎င်း၏နေအိမ်မှ စစ်မှုထမ်းရန် ဖမ်းဆီးချုပ်နှောင် ခေါ်ဆောင်သွားကြောင်း STUM၏သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးနှင့် ဝန်ထမ်း ၉ ဦးအား ဩဂုတ်လ ၅ ရက်နေ့ ညနေပိုင်းတွင် အောင်သပြေစစ်ကြောရေးမှရွှေပြည်သာ၊ မြောက်ဥက္ကလာ၊ အင်းစိန်မြို့နယ်များ သို့လွှဲပြောင်းပို့ဆောင်ကာ ဩဂုတ်လ ၇ ရက်နေ့တွင် သက်ဆိုင်ရာတရားရုံးများ၌ ချုပ်ရက်ရမာန်ပေးခဲ့ခြင်းဖြစ်ကြောင်း STUM မှသိရသည်။

မြန်မာနိုင်ငံတွင် အလုပ်သမားအခွင့်အရေး အပြည့်အဝရရှိရေးတို့အတွက် STUM အဖွဲ့ကို ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး၊ သမီးဖြစ်သူ ခြူးသွယ်နှင့် STUM အဖွဲ့ဝင် (၈)ဦးအား အမြန်ဆုံးပြန်လွှတ်ပေးရန်နိုင်ငံတကာ အလုပ်သမားအဖွဲ့အစည်းများနှင့် လူ့အခွင့်ရေးကာကွယ်သည့် အဖွဲ့အစည်းများကလည်း ဩဂုတ်လ ၇ ရက်နေ့တွင် တောင်းဆိုထားကြသည်။

ဓာတ်ပုံ – STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး။

Migrant Times

Similar Posts