ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာလုပ်သား ၄ဝဝ ကျော် လုပ်ခလစာမရ

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၊စူကိုဝစ်ဆွယ်(၈၁)တွင် ရှိသောPower ပါဝါလိုင်း ခမ်းလ်ဒီ
ကုမ္ပဏီ ဆောက်လုပ်ရေးလုပ်ငန်းအောက်ရှိ မြန်မာအလုပ်သမား ၄၆၁ ဦးသည် လုပ်ခလစာမရဖြစ်နေကြောင်း အကူအညီးတောင်းခံရသည့် WAG အလုပ်သမားမဟာမိတ်အဖွဲ့မှသိရသည်။
၎င်းကုမ္ပဏီမှ မြန်မာအလုပ်သမားများသည် ထိုင်းနိုင်ငံ အနယ်နယ်အရပ်ရပ်ရှိ အလုပ်ဆိုဒ်(၁၅)ခုတွင်
လုပ်ကိုင်နေကြသည်မှာ ၁ နှစ်မှ ၁ဝ နှစ်ကျော်အထိလုပ်သက်ရှိကြပြီး အလုပ်ရှင် မှလုပ်အားခ (၂)လစာ
ပေးချေခြင်းမရှိခြင်းဖြစ်ကြောင်း WAG အဖွဲ့ကပြောသည်။
ရရန်ရှိသည့် မြန်မာအလုပ်သမားများ၏ လုပ်အားခ (၂)လစာ စုစုပေါင်းမှာ ထိုင်းဘတ် ၁၁ သိန်းကျော်ရှိကြောင်း သိရသည်။
၎င်းတို့သည် လိုအပ်သည့် စာအုပ်သက်တမ်းတိုးရန်အတွက်လည်း ကုမ္ပဏီကို ပိုက်ဆံပေးသွင်းထားကြကြောင်း ၊ လုပ်အားခရှင်းပေးရန် ကုမ္ပဏီကိုတောင်းဆိုသော်လည်း တစ်ဝက်ခန့်သာရှင်းပေးနိုင်မည်ဟုပြောသည့်အတွက် စားဝတ်နေရေးအခက်အခဲများနှင့်ရင်ဆိုင်ကြုံတွေ့နေရကြောင်း မြန်မာအလုပ်သများများကပြောသည်။
ထိုအလုပ်သမားများရရန်ရှိသည့် လုပ်ခများရရှိရန် ယမန်နေ့ ဩဂုတ်လ ၁၉ ရက်နေ့တွင် တွေ့ဆုံးခဲ့ကြောင်း WAG အဖွဲ့ကထုတ်ပြန်သည်။
Photo – WAG