ထိုင်းတွင် ဖုန်း SIM ကတ်သုံးသူများ မျက်နှာစကင်ဖတ်ခြင်း ပြုလုပ်ရမည်

ဩဂုတ် ၂၁ – Migrant Times ။
အွန်လိုင်းလိမ်လည်မှုများကို တိုက်ဖျက်ရန်အတွက် ထိုင်းအစိုးရသည် SIM ကတ်မှတ်ပုံတင်ခြင်းဆိုင်ရာ စည်းမျဉ်းသစ်များကို ထုတ်ပြန်ကြေညာလိုက်ပြီး ဖုန်း SIM ကတ်သုံးသူများ မျက်နှာစကင်ဖတ်ခြင်း (မျက်နှာမှတ်သားမှုစနစ်)ကို ပြုလုပ်ရမည်ဖြစ်ကြောင်း ထိုင်းသတင်းတွင်ဖော်ပြသည်။
ထိုင်းနိုင်ငံတွင် လိမ်လည်မှုများသည် SIM လဲလှယ်သည့် (SIM-swap scams) နည်းကို အသုံးချကာ ခိုးယူသည့် ဖြစ်ရပ်များ ပေါ်ပေါက်ပြီးနောက်ပိုင်း ယခုကဲ့လို ထုတ်ပြန်ရခြင်းဖြစ်ကြောင်း အစိုးရ ဒုတိယပြောရေးဆိုခွင့်ရှိသူ မစ္စတာ အနူကူးလ် ပရုကဆာနူဆာ့ခ်က ပြောသည်။
သြဂုတ်လ ၁၈ ရက်နေ့မှစ၍ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းအားလုံးအား မျက်နှာစကင်ဖတ်သော Liveness Detection စနစ်သစ် နည်းပညာဖြင့် တစ်နိုင်ငံလုံးတွင် စတင် အကောင်အထည်ဖော်မည်ဟု အမျိုးသားအသံလွှင့်နှင့် ဆက်သွယ်ရေးကော်မရှင် (NBTC) က ထုတ်ပြန်ခဲ့သည်။
အဆိုပါစနစ်သည် ဖုန်း SIM ကတ် အသုံးပြုသူ အသစ်များအားလုံးအတွက် အကျုံးဝင်မည်ဖြစ်ပြီး နံပါတ်ဟောင်းကို ဆက်လက်အသုံးပြုပြီး SIM ကတ်အသစ် လဲလှယ်သည့် သုံးစွဲသူများလည်း ပါဝင်ကြောင်း သိရသည်။
ဖုန်း SIM ကတ်သုံးသူများအား မျက်နှာစကင်ဖတ်ခြင်းသည် ဘဏ်လုပ်ငန်းဆိုင်ရာ application များတွင်သုံးသည့် မျက်နှာစကင်ဖတ်ခြင်း မှတစ်ဆင့် အချိန်နှင့်တပြေးညီ ကိုယ်ရေးအချက်အလက်များကို အတည်ပြုပေးသည့်စနစ်နှင့် တူညီကြောင်း သိရသည်။
မိုဘိုင်းဖုန်း အသုံးပြုသူများသည် မျက်နှာစကင်ဖတ်ခြင်းကို သက်ဆိုင်ရာ ဝန်ဆောင်မှုစင်တာများ၊ တရားဝင်ကိုယ်စားလှယ်များနှင့်လက်လီအရောင်းဆိုင်များမှ ပံ့ပိုးပေးထားသည့် application များကို အသုံးပြု၍ လူကိုယ်တိုင် မှတ်ပုံတင်ရမည်ဖြစ်ကြောင်း ၊ ထိုင်းနိုင်ငံသားများသည် နိုင်ငံသားကတ်၊ နိုင်ငံခြားသားများသည် ပတ်စ်ပို့၊ ကော်ပိုရိတ်သုံးစွဲသူများက ကုမ္ပဏီလက်မှတ်နှင့်အတူ တရားဝင်ခွင့်ပြုထားသော လက်မှတ်ရေးထိုးသူ၏ ကိုယ်ရေးအချက်အလက်များကို တင်ပြရမည်ကြောင်း ထိုင်းသတင်းတွင်ဖော်ပြသည်။
Ref/Photo – Bagankok Post