ဩဂုတ် ၂၅ – Migrant Times
ထိုင်းနိုင်ငံ ၊ တာ့ခ်ခရိုင်၊ သာ့ဆောင်ယန်းမြို့နယ်(Tha Song Yang)တွင် သေနတ် ကိုယ်စီဖြင့် မူးယစ်ဆေးဝါး ရောင်းဝယ်နေသည့် မြန်မာနိုင်ငံသား ၄ ဦးအား ဖမ်းဆီးခဲ့ကြောင်း naresuan နယ်ခြားစောင့်တပ် တပ်ရင်း (၃၅)က ယနေ့ထုတ်ပြန်သည်။
သာ့ဆောင်ယန်းမြို့နယ်ရှိ နေရာနှစ်ခုတွင် ဖမ်းမိခြင်းဖြစ်ပြီး ပထမနေရာတွင် မြန်မာနိုင်ငံသား အသက် ၅၆ နှစ်အရွယ် အမျိုးသားတစ်ဦးကို စိတ်ကြွဆေး ၂၂၁ လုံး၊ ဘိန်းဖြူ ၅၁ ထုပ် (၁၆၂ ဂရမ်)၊ လက်လုပ်သေနတ်တစ်လက်နှင့် ကျည် ၅ တောင့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဒုတိယနေရာတွင် မြန်မာနိုင်ငံသား အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦး စုစုပေါင်း ၃ ဦးကို စိတ်ကြွဆေး ၁,၄ဝ၇ လုံး၊ ဘိန်းဖြူ ၁ ထုပ် (၁၆၄ ဂရမ်) နှင့် လက်လုပ်သေနတ်တစ်လက်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်းထုတ်ပြန်သည်။
မြန်မာနိုင်ငံသား ၄ ဦးအား စိတ်ကြွဆေး ၁,၆၂၈ လုံး၊ ဘိန်းဖြူ ၃၂၆ ဂရမ်၊ လက်လုပ်သေနတ် ၂ လက်နှင့် ကျည် ၅ တောင့်တို့နှင့်အတူ ဖမ်းဆီးပြီး ဥပဒေအရ အရေးယူနိုင်ရန် သာ့ဆောင်ယန်းမြို့မရဲစခန်းရှိ စုံစမ်းစစ်ဆေးရေးမှူးထံ လွှဲပြောင်းပေးခဲ့ကြောင်း နယ်ခြားစောင့်တပ်က ယနေ့ထုတ်ပြန်သည်။
YouTube https://www.youtube.com/@migranttimes
Website https://www.migranttimes.com/
Telegram https://t.me/migranttimes
TikTok https://www.tiktok.com/@migranttime