Site icon Migrant Times

ထိုင်းတွင် ပန်းရောင်ကဒ် CI စာအုပ်ဖြင့် ဖုန်းဆင်းကဒ်ဝယ်မရဟုဆို

သြဂုတ် ၂၆ ၊ Migrant Times ။

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သားများ ကိုင်ဆောင်ထားသည့် ပန်းရောင်ကဒ် ၊ CI စာအုပ်ဖြင့် ယခုရက်ပိုင်းအတွင်း ဖုန်းဆင်းကဒ်ဝယ်မရဖြစ်နေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သူက Migrant Times ကိုပြောကြားသည်။

“ကျွန်တော် တနင်္ဂနွေနေ့က ဖုန်းဆိုင်သွားပြီး ဆင်းကဒ်သွားဝယ်တာ ။ ဆိုင်ရှင်ကဘာရှိလဲမေးတော့ ပန်းရောင်ကဒ်ရှိတယ် ဒါဆိုရင် မရဘူးတဲ့ CI စာအုပ်ရောဆို‌တော့ အဲ့ဒါလဲမရဘူး ၊ ပတ်စပိုစ်အနီပဲရတယ်လို့ပြောတယ်” ဟု ၎င်းကပြောသည်။

ထိုင်းနိုင်ငံတွင် သြဂုတ်လ ၁၈ ရက်နေ့မှစ၍ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းအားလုံးအား မျက်နှာစကင်ဖတ်သော Liveness Detection စနစ်သစ် နည်းပညာဖြင့် တစ်နိုင်ငံလုံးတွင် စတင် အကောင်အထည်ဖော်မည်ဟု အမျိုးသားအသံလွှင့်နှင့် ဆက်သွယ်ရေးကော်မရှင် (NBTC) က ထုတ်ပြန်ခဲ့သည်။

အွန်လိုင်းလိမ်လည်မှုများကို တိုက်ဖျက်ရန်အတွက် ထိုင်းအစိုးရသည် SIM ကတ်မှတ်ပုံတင်ခြင်းဆိုင်ရာ စည်းမျဉ်းသစ်များကိုလည်း ထုတ်ပြန်ကြေညာထားသည်။

သြဂုတ်လ ၁၈ ရက်နေ့မှစ၍ ထိုင်းရောက် နိုင်ငံခြားသားတစ်ဦးသည် ဖုန်းဆင်းကဒ် ၃ ကဒ်သာ မှတ်ပုံတင်ခွင့်ရှိမည်ဖြစ်သည်။ မှတ်ပုံတင်ရာတွင် ပန်းရောင်ကဒ်၊ CI စာအုပ် ၊ အခြားကဒ်များ ၊စာအုပ်များဖြင့်မှတ်ပုံတင်ခြင်းခွင့်မပြုဘဲ ပတ်ပိုစ့်တခုတည်းကိုသာ အတည်ပြုသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံသားဖြစ်ပါက အများဆုံး ဖုန်းဆင်းကဒ် ၅ ကဒ်ထိသာ နိုင်ငံသားကတ်ဖြင့် မှတ်ပုံတင်ရမည်ဟုထုတ်ပြန်သည်။

#Migranttimes

#ထိုင်း

#မြန်မာ

#ပန်းရောင်ကဒ်

#CIစာအုပ်

#thailand

YouTube https://www.youtube.com/@migranttimes

Website https://www.migranttimes.com/

Telegram https://t.me/migranttimes

TikTok https://www.tiktok.com/@migranttime

Exit mobile version