Site icon Migrant Times

ချင်းမိုင်တွင် ဓားခုတ်မှု ကျုးလွန်သည့် ရှမ်းလူငယ်အဖွဲ့ကိုဖမ်း

စက်တင်ဘာ ၁ ၊ Migrant Times ။

ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့တွင် ဩဂုတ်လ ၂၉ ရက်နေ့ နံနက်အစောပိုင်း၌ ဓားခုတ်မှု ကျုးလွန်ခဲ့သည့် အသက် ၂ဝ နှစ်အရွယ် ရှမ်းလူမျိုး လူငယ် ၅ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းတွင် ဖော်ပြသည်။

ရဲတပ်ဖွဲ့ထုတ်ပြန်ချက်အရ သြဂုတ်လ ၂၉ ရက်၊ နံနက် ၃:၂၀ နာရီခန့်တွင် ချင်မိုင်မြို့၊ ဝရောရော့ဈေး(ကတ်လုံ)ရှေ့ ချန်စွမ်တံတားအနီး၌ ရန်ဖြစ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး သွားရောက်စစ်ဆေးခဲ့သည်။

ချန်စွမ်တံတားအနီးတွင် အသက် ၁၉ နှစ်အရွယ် ကို Sutithipan (အမည်လွဲ) နှင့်သူငယ်ချင်းများကို တွေ့ရှိခဲ့ပြီး Sutithipan ၏ ခန္ဓာကိုယ်တွင် မပြင်းထန်သော ဓားဒဏ်ရာ ရရှိထားကြောင်းတွေ့ရှိခဲ့သည်။

ဒဏ်ရာရသူ ရဲတပ်ဖွဲ့ထံထွက်ဆို အဆိုအရ အသက် ၁၉ နှစ်အရွယ် ရှမ်းလူငယ် ၆ ဦးပါ အဖွဲ့သည် ဝရောရော့ဈေးမှ လမ်းလျှောက်လာပြီးနောက် ဓားရှည်တစ်လက်ကို ကိုင်ဆောင်ကာ လိုက်လံခုတ်ခဲ့ကြောင်း ၊ ထို့နောက် ၎င်းတို့သည် ဝရောရော့ဈေးဘက်သို့ ထွက်ပြေးသွားကြကြောင်း၊ ၎င်းသည် ထိုလူငယ်အုပ်စုကို သိရှိခြင်းမရှိကြောင်း သိရသည်။

ထို့နောက် ချင်းမိုင်မြို့နယ်ရဲတပ်ဖွဲ့က ထွက်ပြေးသည့် လမ်းကြောင်းကို စုံစမ်းခဲ့ပြီး အသက် ၁၉ နှစ်မှ

၂ဝ နှစ်အရွယ် မြန်မာနိုင်ငံမှလာရောက်သည့် ရှမ်းလူငယ် ၅ ဦးကိုဖမ်းမိခဲ့ကြောင်း ၊ ၁ ဦးမှာထွက်ပြေးလွတ်မြောက်နေကြောင်း သတင်းတွင်ဖော်ပြသည်။

ဖမ်းမိခဲ့သည့်ရှမ်းလူငယ်များတွင် သက်သေခံပစ္စည်းများဖြစ်သော ဓားတစ်လက်၊ အနက်ရောင် Honda PCX မော်တော်ဆိုင်ကယ်တစ်စီး၊ နံပါတ်ပြားမပါသည့် မီးခိုးရောင် Honda PCX မော်တော်ဆိုင်ကယ်တစ်စီးနှင့် ကျူးလွန်ချိန် ဝတ်ဆင်သည့် အဝတ်အစားများကို သိမ်းဆည်းရမိခဲ့ပြီး လွတ်မြောက်နေသူကို အမြန်ဆုံး အရေးယူနိုင်ရန်ဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ကထုတ်ပြန်သည်။

ရှမ်းလူငယ်များက ၎င်းတို့သည် ပါတီပွဲတစ်ခုတွင် အရက်သောက်ခဲ့ပြီးနောက် ချန်စွမ်တံတားသို့ ဆိုင်ကယ်မောင်းပြီး သွားခဲ့ကြောင်း ၊ ထို့နောက် ကျောင်းသား ၆ ဦးပါဝင်သည့် အုပ်စုနှင့် တွေ့ဆုံခဲ့ရာ ပြဿနာရှာမည်ဟု ထင်မှတ်ခဲ့ပြီး ပါလာသည့် ဓားရှည်ကို ဆွဲထုတ်ကာ လိုက်လံခုတ်ခဲ့ပြီး ထွက်ပြေးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံထွက်ဆိုခဲ့သည်။

ကျူးလွန်သူများကို ဥပဒေ အရေးယူဆောင်ရွက်ရန် ရဲတပ်ဖွဲ့က ထိန်းသိမ်းထားကြောင်း သတင်းတွင်ဖော်ပြသည်။

Photo – CM 108

#Migranttimes

#chiangmai

#ချင်းမိုင်

#thailand

YouTube https://www.youtube.com/@migranttimes

Website https://www.migranttimes.com/

Telegram https://t.me/migranttimes

TikTok https://www.tiktok.com/@migranttime

Exit mobile version