ပေထောင်တန်ကို အသံဖိုင်အတွက် အပြစ်ရှိကြောင်း ဥပဒေရုံးဆုံးဖြတ်

သြဂုတ် ၂၉ ၊ Migrant Times ။
ဇူလိူင်လအတွင်းတွင် ရာထူးမှယာယီရပ်ဆိုင်းခံထားရသည့် ထိုင်းဝန်ကြီးချုပ် ပေထောင်တန်ရှင်နာဝပ်(Paetongtarn Shinawatra)အား ယနေ့ ဩဂုတ်လ ၂၉ ရက်နေ့တွင် အပြစ်ရှိကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက စီရင်ချက်ချမှတ်ခဲ့သည်။
ယနေ့ သြဂုတ်လ ၂၉ ရက်နေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးမှ တရားသူကြီး ၉ ဦးက ပေထောင်တန်အား ထိုင်း-ကမ္ဘောဒီးယားနယ်စပ် အခြေအနေနှင့် ပတ်သက်၍ ကမ္ဘောဒီးယား အထက်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်နှင့် ဖုန်းပြောဆိုသည့် အသံဖိုင် ပေါက်ကြားခဲ့မှုနှင့်ပတ်သက်ပြီး
စီရင်ချက်ချခဲ့ခြင်းဖြစ်သည်။
ယနေ့ ဆုံးဖြတ်ချက်တွင် တရားရုံးက ဝန်ကြီးချုပ်ပေထောင်တန်သည် ဟွန်ဆန်ကို ကတိကဝတ်တွေ အဆုံးမသတ်ဘဲ ပေးခဲ့ကြောင်း၊ သူမ၏ လူကြိုက်များမှုကို ပြန်လည်ရရှိရန် ထိုင်းနိုင်ငံ၏ အမျိုးသားလုံခြုံရေးကို ထည့်မတွက်ဘဲ ဟွန်ဆန်ကို အကျိုးအမြတ်ဖြစ်စေခဲ့ကြောင်း၊ သူမ၏ ကိုယ်ကျိုးစီးပွားကို အမျိုးသားအကျိုးစီးပွားထက် ဦးစားပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ထိုင်း Khaosod သတင်းကဖော်ပြသည်။
ပေထောင်တန်အား ထိုင်း-ကမ္ဘောဒီးယားနယ်စပ် အခြေအနေနှင့် ပတ်သက်၍ ကမ္ဘောဒီးယား အထက်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်နှင့် ဖုန်းပြောဆိုသည့် အသံဖိုင် ပေါက်ကြားခဲ့သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ပြီးခဲ့သည့် ဇူလိုင် ၁ ရက်တွင် ဝန်ကြီးချုပ်ရာထူးမှ ယာယီရပ်နားရန် အမိန့်ချခဲ့သည်။
ပေထောင်တန်သည် ဝန်ကြီးချုပ်ရာထူးမှ ယာယီရပ်နားခံရသော်လည်း ယဉ်ကျေးမှု ဝန်ကြီးအဖြစ် မိမိကိုယ်ကို ခန့်အပ်ကာ အစိုးရအဖွဲ့အတွင်းဆက်ရှိနေခဲ့သည်။
ပေထောင်တန်သည် ယနေ့တွင် အစိုးရအိမ်တော်သို့ လာရောက်ကာ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး ၏ တိုက်ရိုက်ထုတ်လွင့်သည့် စီရင်ချက်ကို နားဆင်ခဲ့သည်။
ဓာတ်ပုံ – ယနေ့ ဩဂုတ်လ ၂၉ ရက်နေ့တွင် အစိုးရအိမ်တော်သို့ လာရောက်ခဲ့သည့် ပေထောင်တန်။