ထိုင်းတောင်ပိုင်းမှာ မိုးသည်းထန် လမ်းအချို့ရေကြီး

စက်တင်ဘာ ၁ ၊ Migrant Times ။

ထိုင်းနိုင်ငံတောင်ပိုင်းတွင် ယနေ့ စက်တင်ဘာလ ၁ ရက်နေ့၌ မိုးသည်းထန်ပြီး လမ်းအချို့ရေကြီးခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ယနေ့နံနက်ပိုင်း၌ မိုးသည်းထန်းစွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး ဖန်ငခရိုင်၊ တကွာပါ့မြို့နယ်ရှိ မြန်မာရွှေ့ပြောင်းကလေးများ သင်ကြားရေးစင်တာ -ULC သို့ရေဝင်ရောက်ခဲ့ကြောင်း စင်တာ တာဝန်ရှိသူကပြောသည်။

“FED/ULC ရွှေ့ပြောင်းကလေးတွေကျောင်း နေ့တစ်ပိုင်းပိတ်ပေးလိုက်ရပါတယ်။ကျောင်းတွင်းမှာ ရေမမြုပ် အောင်ကြိုးစားပြင်ဆင်ရပါဦး မယ်”ဟု FED တာဝန်ရှိသူကပြောသည်။

ဖန်ငခရိုင်၊တကွာပါ့မြို့နယ်တွင် မိုးသည်းထန်ခြင်းကြောင့် ခေါင်လတ်ဒေသရှိ Phetkasem လမ်းမနေရာအချို့တွင် ရေလွှမ်းမိုးနေကြောင်း ထိုင်းသတင်းကဖော်ပြသည်။

ထိုင်းနိုင်ငံတောင်ပိုင်း၊ဖန်ငခရိုင်၊တကွာပါ့မြို့နယ်တွင် ပြီးခဲ့သည့် ဇူလိူင်လ ၁၅ ရက်နေ့ကလည်း

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားကာ ကားလမ်းမနှင့်လူနေရပ်ကွက်အချို့ရေဝင်ရောက်ခဲ့သည်။

Photo – Migrant Times

#Migranttimes

#ထိုင်း

#ဖန်င

#ရွှေ့ပြောင်းမြန်မာ

YouTube https://www.youtube.com/@migranttimes

Website https://www.migranttimes.com/

Telegram https://t.me/migranttimes

TikTok https://www.tiktok.com/@migranttime

Similar Posts