စက်တင်ဘာ ၂ ၊ Migrant Times ။
ထိုင်းနိုင်ငံတွင် မိုးသည်းထန်ခြင်းနှင့် လေပြင်း တိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပြီး ရုတ်တရက်ရေကြီးမှုများ ဖြစ်ပေါ်နိုင်သည်ဟု ထိုင်းမိုးလေဝသဌာန -TMDမှ ထုတ်ပြန်သည်။
စက်တင်ဘာလ ၃ ရက်နေ့အထိ တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများတွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် လှိုင်းကြီးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားသည်။
ထိုင်းမိုးလေဝသဌာန ထုတ်ပြန်ချက်အရ အနောက်တောင်မုတ်သုံလေသည် အန်ဒါမန်ပင်လယ်၊ ထိုင်းပင်လယ်နှင့် ထိုင်းပင်လယ်ကွေ့တို့တွင် အားကောင်းနေသည်။
ထိုင်းနိုင်ငံအနှံ့အပြားတွင် နေရာကွက်ပြီး မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး အရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသ (အနောက်ဘက်ကမ်းရိုးတန်း) များတွင် မိုးအလွန်သည်းထန်နိုင်သည်။
ထိုဒေသများရှိပြည်သူများသည် မိုးသည်းထန်စွာရွာသွန်းခြင်း ကြောင့်ရုတ်တရက်ရေကြီးခြင်းနှင့်ရေလျှံမှုများ ဖြစ်ပွားနိုင်ပြီး အထူးသတိထားရန်လို ကြောင်း TMD ကထုတ်ပြန်သည်။
အထူးသဖြင့်တောင်ကုန်းအနီး၊ရေလမ်းကြောင်းများအနီးနှင့် မြေနိမ့်ပိုင်း နေသူများ သတိပြုသင့် ကြောင်းထုတ်ပြန်ထားသည်။
ဓာတ်ပုံ – ထိုင်းနိုင်ငံ တောင်ပိုင်းတွင် စက်တင်ဘာလ ၁ ရက်နေ့၌
ရေလျှံနေသည့်မြင်ကွင်း။
YouTube https://www.youtube.com/@migranttimes
Website https://www.migranttimes.com/
Telegram https://t.me/migranttimes