ထိုင်းတွင် အလုံပိတ်ကားတွင်းလိုက်ပါလာသည့် မြန်မာ ၄ဝ ဦးဖမ်းဆီးခံရ

စက်တင်ဘာ ၂ ၊ Migrant Times ။

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်တွင် အလုံပိတ်ကားတွင်းလိုက်ပါလာသည့် မြန်မာနိုင်ငံသား ၄ဝ ဦးအား ဖမ်းဆီးခဲ့ကြောင်း အဝေးပြေးရဲတပ်ဖွဲ့က ယနေ့(စက်တင်ဘာ-၂)ထုတ်ပြန်သည်။

တာ့ခ်ခရိုင် အဝေးပြေးရဲတပ်ဖွဲ့သည် ကြိုတင်သတင်းရရှိပြီးနောက် စောင့်ကြည့်ခဲ့ရာ သံသယဖြစ်ဖွယ် ပစ်ကပ်ကားတစ်စီးကို တွေ့ရှိခဲ့ကြောင်း၊ ယင်းကားနောက်တွင် နှစ်ထပ်စင်ဖြင့် လျို့ဝှက်သယ်ဆောင်လာသည့် မြန်မာနိုင်ငံသား ၄ဝ ဦးတွေ့ရှိခဲ့ပြီး စစ်ဆေးခဲ့ရာ ခိုင်လုံသည့် အထောက်အထား စာရွက်စာတမ်းများတွေ့ရှိခြင်းမရှိကြောင်း ထုတ်ပြန်သည်။

ရဲတပ်ဖွဲ့ထုတ်ပြန်ချက်အရ ကားမောင်းသူသည် အလုပ်သမားများကို ပတုမ်ဌာနီခရိုင်၊ တလပ်ထိုင်း (Talad Thai) သို့ပို့ဆောင်ရန် တစ်ခေါက်လျှင် ဘတ် ၁ဝ,ဝဝဝ ရရှိပြီး အကြိမ်များစွာ ပို့ဆောင်ခဲ့ကြောင်း ၊ ကားသမားနှင့် အလုပ်သမား ၄ဝ ဦးကို ဥပဒေအရ အရေးယူနိုင်ရန် ထိန်းသိမ်းထားကြောင်း သိရသည်။

ယနေ့ စက်တင်ဘာလ ၂ ရက်နေ့၊ နံနက် ၆:၃၀ နာရီခန့်တွင်လည်း ထိုင်းနိုင်ငံ ၊ကန်ချနာဘူရီပြည်နယ်၊ ထောင်းဖာဖုမ်မြို့နယ်၊ ထာခနွန်းရပ်ကွက်အနီးတွင် တရားမ၀င် ၀င်ရောက်သည့် မြန်မာနိုင်ငံသား ၃၉ ဦးအားနယ်ခြား စောင့်တပ်ဖွဲ့ကဖမ်းဆီးခဲ့သည်။

ထိုင်းသတင်းများ ဖော်ပြချက်အရ ဩဂုတ်လအတွင်း နယ်စပ်များမှတရားမဝင်ဝင် ရောက်သည့် မြန်မာနိုင်ငံသား ၉ဝဝ ဦးထက်မနည်းဖမ်းဆီးခြင်းခံခဲ့ရသည်။

#Migranttime

#ထိုင်း

#မြန်မာ

#thailand

YouTube https://www.youtube.com/@migranttimes

Website https://www.migranttimes.com/

Telegram https://t.me/migranttimes

TikTok https://www.tiktok.com/@migranttime

Similar Posts