Site icon Migrant Times

မဲဆောက်တွင် မြန်မာ အချင်းချင်းဓားထိုးမှုဖြစ်ပြီး တစ်ဦးသေဆုံး

စက်တင်ဘာ ၂ ၊ Migrant Times ။

ထိုင်းနိုင်ငံ ၊ တာ့ခ်ခရိုင် မဲဆောက်မြို့တွင် မြန်မာ အချင်းချင်းဓားထိုးမှုဖြစ်ပြီး တစ်ဦးသေဆုံး ခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။

ရဲတပ်ဖွဲ့အဆိုအရ ဒေသခံများ တိုင်ကြားမှုကြောင့် ယမန်နေ့ စက်တင်ဘာလ ၁ ရက်နေ့၌ မဲဆောက်မြို့၊ Rim Moei မြစ်အနီးရှိ AM ရေဒီယိုရုံးဟောင်းအနီး အာရှလမ်းမပေါ်သို့သွားရောက်ခဲ့ပြီး

အသက် ၃၄ နှစ်အရွယ် မြန်မာ အမျိုးသားတစ်ဦးအား ကိုယ်ကို လက်နဲ့အုပ်ကိုင်ပြီး လမ်းဘေးပလက်ဖောင်းတွင် ထိုင်နေသည်ကိုတွေ့ရကြောင်း ၊ သူ့လက်များကြားထဲမှ သွေးများစီးကျနေသည့်အတွက် ကယ်ဆယ်ရေးအဖွဲ့ခေါ်ယူကာ ဆေးရုံကို ချက်ချင်းပို့ဆောင်ခဲ့ကြောင်းသိရသည်။

ဆေးရုံသို့ပို့ဆောင်ခဲ့သူ၏ အနီးတွင် အသက် ၃၃ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား အရက်မူးပြီး ထိုင်နေသည်ကိုတွေ့ရှိပြီး စစ်ဆေးခဲ့ရာ ၎င်းတို့နှစ်ဦးသည် အိမ်တွင် အရက်သောက်နေကြပြီးစိတ်ကြွဆေးပြား (ယာဘ) ရောင်းဝယ်မှုနှင့်ပတ်သက်ပြီး စကားများခဲ့ကြကြောင်း၊ ထို့နောက်

စိတ်ဆိုးကာ ဓားဖြင့်ထိုးခဲ့ပြီး စက်ဘီးဖြင့် ဆေးရုံသို့ပို့ဆောင်ရန်ထွက်လာစဉ် ယခုကဲ့သို့ဖမ်းမိခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကထုတ်ပြန်သည်။

ချန်နယ် ၇ (Ch7) သတင်းဌာန ဖော်ပြချက်အရ ဓားဖြင့်အထိုးခံခဲ့ရသည့် မြန်မာတစ်ဦးသည် ဆေးရုံတွင်သေဆုံးခဲ့ပြီး ရဲတပ်ဖွဲ့က ကျန်ရှိသည့် မြန်မာတစ်ဦးအားဖမ်းဆီးကာ မဲဆောက်ရဲစခန်းသို့ ခေါ်ဆောင်သွားကြောင်းသိရသည်။

Photo – Thaiger

#Migranttime

#ထိုင်း

#မဲဆောက်

#thailand

YouTube https://www.youtube.com/@migranttimes

Website https://www.migranttimes.com/

Telegram https://t.me/migranttimes

TikTok https://www.tiktok.com/@migranttime

Exit mobile version