တာ့ခ်ခရိုင်တွင် တရားမဝင် ဝင်ရောက်သည့် မြန်မာ ၇၁ ဦးဖမ်းဆီးခံရ

စက်တင်ဘာ ၄ ၊ Migrant Times ။

ထိုင်းနိုင်ငံ ၊ တာ့ခ်ခရိုင် Wang Prachop -Phran Kratai လမ်းမကြီးပေါ်တွင် တရားမဝင်ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၇၁ ဦးကို အဖြူရောင် အလုံပိတ်ကား ၂ စီးပေါ်တွင် အမြန်လမ်းရဲတပ်ဖွဲ့က စက်တင်ဘာ ၃ ရက်နေ့၌ ဖမ်းဆီးခဲ့သည်။

ကြိုတင်သတင်းအရ ၄င်းလမ်းမကြီးပေါ်တွင် မသင်္ကာဖွယ် ပစ်ကပ်ထရပ်ကားနှစ်စီးကို ရဲတပ်ဖွဲ့က စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ ပထမကား၏ ရှေ့ထိုင်ခုံတွင် အမျိုးသမီး သုံးဦးပါ၀င်ပြီး ခရီးသွားစာရွက်စာတမ်း တစ်စုံတစ်ရာ မရှိကြောင်း၊ ကားနောက်ခန်းတွင် အမျိုးသား ၂၂ ဦး၊ အမျိုးသမီး ၁၈ ဦးပါဝင်သည့် မြန်မာနိုင်ငံသား ၃၇ ဦးကို ထပ်မံတွေ့ရှိခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။

အလားတူ ဒုတိယမြောက်ကားတွင် အမျိုးသား ၂၃ ဦးနှင့် အမျိုးသမီး ၈ ဦး အပါအဝင် လူ ၃၁ ဦးကို ခရီးသွားစာရွက်စာတမ်း အထောက်အထားမရှိဘဲ ခေါ် ဆောင်လာကြောင်းတွေ့ရှိခဲ့ပြီး ယာဉ်မောင်းနှစ်ဦးစလုံးကို ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းခဲ့သည်။

ယာဉ်မောင်းများအဆိုအရ တာ့ခ်ခရိုင်ရှိ လမ်းဘေးဧရိယာမှ နိုင်ငံခြားသား အလုပ်သမားများအား

ပသုန်သနီပြည်နယ် Talad Thai သို့ ပို့ဆောင်ရန် အမျိုးသားတစ်ဦးမှ ငှားရမ်းခဲ့ကြောင်း ဝန်ခံခဲ့သည်။

ယာဉ်မောင်း ၂ ဦးနှင့် နှင့် မြန်မာနိုင်ငံသား ၇၁ ဦးအား ဖမ်းဆီးခဲ့ပြီးပြီး Wang Prachop ရဲစခန်းသို့ လွှဲပြောင်းပေးထားကြောင်း ထိုင်းသတင်းက ဖော်ပြသည်။

စက်တင်ဘာလ ၂ ရက်နေ့ကလည်း ကန်ချနပူရီခရိုင်၊ဘန်ယန်ခေါင်းရွာအနီးတွင် တရားမဝင်ဝင်ရောက်သည့် မြန်မာအလုပ်သမား ၄၃ ဦးအား ဖမ်းဆီးခဲ့ကြောင်း တောင်ဝင်ထိုင်းစစ်တပ်က ထုတ်ပြန်သည်။

ထိုင်းသတင်းများ ဖော်ပြချက်အရ ဩဂုတ်လအတွင်း နယ်စပ်များမှတရားမဝင်ဝင် ရောက်သည့် မြန်မာနိုင်ငံသား ၉ဝဝ ဦးထက်မနည်းဖမ်းဆီးခြင်းခံခဲ့ရသည်။

Photo – Matichon

#Migranttime

#ထိုင်း

#မြန်မာ

#thailand

YouTube https://www.youtube.com/@migranttimes

Website https://www.migranttimes.com/

Telegram https://t.me/migranttimes

TikTok https://www.tiktok.com/@migranttime

Similar Posts