စက်တင်ဘာ ၅ ၊ Migrant Times ။
ထိုင်းနိုင်ငံ၊ ချွန်ပူလီခရိုင်၊စီလချာမြို့ရှိ ကားအဲယားပစ္စည်းစက်ရုံမှ အလုပ်ဖြုတ်ခံရသည့် မြန်မာလုပ်သား ၃၆ ဦး အလုပ်ပြန်ရခဲ့ကြောင်း ကူညီပေးခဲ့သည့် WAG အလုပ်သမားမဟာမိတ်အဖွဲ့မှ ထုတ်ပြန်သည်။
CI နှင့် PJ စာအုပ်များ ကိုင်ဆောင်သည့် မြန်မာအလုပ်သမား ၃၆ ဦးသည် ထိုစက်ရုံတွင် အလုပ်လုပ်နေသည့် သက်တမ်းမှာ ၂ လမှ ၈ လအထိအသီးသီးရှိကြပြီး အလုပ်သမား ရပိုင်ခွင့်များကို စက်ရုံတာဝန်ရှိသူများထံ တောင်းဆိုပြီးနောက် အလုပ်ထုတ်ခံလိုက်ရကြောင်း ထုတ်ပြန်သည်။
၎င်းတို့ထဲမှအချို့သည် စာအုပ်သက်တမ်းတိုးရန် ပိုက်ဆံသွင်းထားပြီး လုပ်အားခ တစ်လစာရရန်ကျန်ရှိနေကြောင်း WAG အဖွဲ့ မှသိရသည်။
မြန်မာအလုပ်သမားများက အကူအညီတောင်းသည့်အတွက် ယနေ့ စက်တင်ဘာလ ၅ ရက်နေ့တွင် သွားရောက်ဖြေရှင်းပေးခဲ့ကြောင်း WAG အဖွဲ့တာဝန်ခံ ကိုမုန်တိုင်းကပြောသည်။
“မြန်မာဘက်က ကြားစပ်ကုမဏီက တာဝန်ယူပြီး အလုပ်ပြန်ဆင်းခိုင်းတယ် ၊ အလုပ်သမားဘက်က အခွင့်အရေးတွေတောင်းဆိုခိုင်းတယ်။ ချွန်ဘူရီမှာပေါက်တဲ့ လုပ်ခလစာပေါ့ ၊ တနေ့ဆိုရင် ၄ဝဝ ရတယ်ပေါ့ ၊အိုတီဆိုရင် ၇၅ ဘတ်ပေါ့ ဒါတွေကိုကျနော်တို့ ပြန်ညှိနိူင်းပေးတာ အဆင်ပြေသွားပါတယ် ၊ လစာကျန်တာ လစာထုတ်မယ့်နေ့ အကုန်ထုတ်ပေးမယ်ပေါ့”ဟု ၎င်းကပြောသည်။
WAG အဖွဲ့သားများက အလုပ်သမားများနှင့်အတူ နယ်မြေခံ အလုပ်သမား ဆဝါဒိကန်ရုံးကို သွားရောက်ခဲ့ကြပြီး အလုပ်သမားများ၏ အေဂျင်စီနှင့် ဖုန်းဆက် ညှိနှိုင်းပေးခဲ့ရာ ယနေ့ စက်တင်ဘာလ ၅ ရက်နေ့တွင် အလုပ်ပြန်လည် လုပ်ကိုင်ရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။
Photo – WAG
YouTube https://www.youtube.com/@migranttimes
Website https://www.migranttimes.com/
Telegram https://t.me/migranttimes