စမွတ်ပရာကန်နှင့် ပတ္တရားတွင် ရေကြီး စာသင်ကျောင်း ၁၃ ကျောင်းပိတ်ထားရ

စက်တင်ဘာ ၈ ၊ Migrant Times ။
ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့အနီးရှိ စမွတ်ပရာကန်တွင် ယမန်နေ့ စက်တင်ဘာလ ၇ ရက်နေ့မှစ၍ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးနေမှုကြောင့် ယနေ့နံနက်တွင် စာသင်ကျောင်း ၁၃ ကျောင်းပိတ်ထားရကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။
Samut Prakan ခရိုင် ပြည်သူ့ဆက်ဆံရေးရုံး၏ ထုတ်ပြန်ချက်အရ မိုးဆက်တိုက်ရွာသွန်းခြင်းကြောင့် ဒေသအနှံ့ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး Samutprakan ၊ Debsirin Samutprakan ၊ Ratwinit Bangkaeo စသည့်ကျောင်းများအပါအဝင် စာသင်ကျောင်း ၁၃ ကျောင်းပိတ်ထားရပြီး Online Class များဖြင့် သင်ကြားပို့ချခဲ့သည်။
Srinakarin–Bang Na-Trat လမ်းတွင် ရေများကျန်ရှိနေပြီး Phuttharaksa လမ်းအချို့နေရာများတွင်ရေကြီးနေဆဲဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့အနီးရှိ စမွတ်ပရာကန်တွင် မိုးသည်းထန်ခြင်းကြောင့် လမ်းအချို့ရေကြီးနေသည့်နည်းတူ ပတ္တရားမြို့နှင့် လရောင်မြို့နယ်များတွင်ပါရေကြီးနေကြောင်း လရောင်မြို့နယ်တွင်နေထိုင်သည့် မြန်မာနိုင်ငံသားတစ်ဦးကပြောသည်။
“စက်တင်ဘာ ၆ ရက် ၊ ၇ ရက် နှစ်ရက်မိုးရွာပြီးမနေ့ညက ရေစကြီးတာ ၊ အချို့နေရာတွေတော့ ရေတော်တော်များတယ် ၊ ကားတွေ တစ်ဝက်လောက်မြုပ်တယ်။ အချို့လမ်းတွေ ကားသွားလို့မရဘူး”ဟု ၎င်းက Migrant Times ကိုပြောသည်။
ထိုင်းမိုးလေဝသဌာန၏ ယနေ့ စက်တင်ဘာ ၈ ရက်နေ့ ထုတ်ပြန်ချက်အရ ဘန်ကောက်နှင့် ပတ်ဝန်းကျင်ပြည်နယ်များနှင့် အရှေ့ပိုင်းဒေသအချို့တွင် မိုးအလွန်သည်းထန်နိုင်သည်။ ထို့ပြင် ရုတ်တရက်ရေကြီးခြင်း၊ ရေဝပ်ခြင်းနှင့် ရေနုတ်မြောင်းများ ပိတ်ဆို့ခြင်းများဖြစ်ပွားနိုင်ကာ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများ အထူးသတိထားရန် တိုက်တွန်းထားသည်။
ဓာတ်ပုံ – ပတ္တရားမြို့တွင် စက်တင်ဘာလ ၇ ရက်နေ့ညက ရေကြီးနေသည့်မြင်ကွင်း။
Photo – Khaosod
YouTube https://www.youtube.com/@migranttimes
Website https://www.migranttimes.com/
Telegram https://t.me/migranttimes

