Site icon Migrant Times

စက်ရုံတချို့အခြခံလုပ်ခ တိုးပြီး လုပ်သားခေါ်ယူ

စက်ရုံတချို့အခြခံလုပ်ခ တိုးပြီး လုပ်သားခေါ်ယူ

ဇွန် ၃ ရက်
အရုဏ်ဦး၊ Migrant Times
  • ပြည်တွင်းကအထည်ချုပ်စက်ရုံတချို့ဟာ အခြေခံလုပ်ခကို တိုးမြှင့်ပြီးလုပ်သားခေါ်ယူတာတွေရှိလာတယ်လို့ အလုပ်သမားအဖွဲ့တွေထံကသိရပါတယ်။လက်ရှိတရားဝင် လုပ်ခလဟာ တစ်ရက်ကို ၄၈၀၀ ကျပ်ဖြစ်ပြီး စက်ရုံတချို့က ၅၀၀၀ကျပ်ကနေ ၆၀၀၀ ကျပ်လောက်အထိ လုပ်ခတိုးပေးလာကြတာလို့ဆိုပါတယ်။”စက်ရုံကြီးတချို့ပါ။ အရေအတွက်ကတော့သိပ်များများစားစားမဟုတ်ဘူး”ဟု အခြေခံအလုပ်သမားသမဂ္ဂခေါင်းဆောင်တစ်ဦးကပြောပါတယ်။အလုပ်သမားတွေကို လုပ်အားခတိုးမြှင့်ပေးဖို့ အလုပ်သမားအဖွဲ့ချုပ်တွေကလည်းတောင်းဆိုထားကြပြီး အထည်အော်ဒါအပ်တဲ့ Brandကုမ္ပဏီတွေကိုပါ ပြောဆိုမူတွေရှိခဲ့တယ်လို့ မြန်မာနိုင်ငံစက်မှုလက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(MICS-TUsF)မှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။
  • “Brand ကုမ္ပဏီတွေကလည်း စက်ရုံတွေကိုပြန်ပြောပုံရပါတယ်။တကယ့် Brandတွေချုပ်နေတဲ့ရုံတွေက နဂိုလုပ်အားခထက်တိုးပေးလာကြတာ။တိုးတယ်ဆိုရုံလောက်ပဲ။ သိပ်အများကြီးတိုးပေးတာမျိုးတော့မဟုတ်ဘူး”ဟု ၎င်းကပြောပါတယ်။အခုလို စက်ရုံတချို့ကလုပ်အားခတိုးပေးတာတွေရှိလာပေမယ့် စက်ရုံအများစုကတော့ နှုတ်ဆိတ်နေဆဲဖြစ်ကာ လုပ်အားခမပေးဘဲအချိန်ပိုခိုင်းစေတာမျိုးတွေအထိပြုလုပ်နေကြတယ်လို့ သူတို့ကပြောပါတယ်။လက်ရှိ လုပ်အားခ တစ်ရက် ၄၈၀၀ ကျပ်ဟာ လွန်ခဲ့တဲ့ ၅နှစ်ကတည်းကပြဌာန်းထားခဲ့တာဖြစ်ပြီး ဖြစ်ပေါ်ပြောင်းလဲလာတဲ့ကုန်စျေးနှုန်းနဲ့အဲဒီလုပ်အားခက မကိုက်ညီတော့လို့ လုပ်ခတိုးပေးဖို့အလုပ်သမားတွေဘက်ကလိုလားနေကြပါတယ်။အလုပ်သမားထုအနေနဲ့ တစ်ရက် ၄၈၀၀ ကျပ်အစား ၈၅၀၀ ကျပ်ကနေ ကျပ် ၁၀၀၀၀ အထိတိုးမြှင့်သတ်မှတ်ပေးဖို့ တောင်းဆိုထားကြပါတယ်။

Exit mobile version