ထိုင်းနိုင်ငံကလေးများနေ့ကို ထိုင်းအစိုးရစာသင်ကျောင်းများနှင့် မြန်မာရွှေ့ပြောင်းကျောင်းတွေမှာ ကျင်းပပြုလုပ်

ဇန်နဝါရီ ၁၁ရက်၊
မောင်နေ့သစ်၊Migrant Times
ထိုင်းနိုင်ငံ ကလေးများနေ့ကို ထိုင်းအစိုးရစာသင်ကျောင်းတွေမှာကျင်းပပြုလုပ်သလို မြန်မာရွှေ့ပြောင်းစာသင် ကျောင်းတွေမှာလည်း နှစ်စဥ်ကျင်းပပြုလုပ်ကြပါတယ်။
ထိုင်းတောင်ပိုင်း ဖန်ငခရိုင်အတွင်းက FED မှ ဖွင့်လှစ်ထားတဲ့ ULC ကျောင်းမှာလည်း ထိုင်းနိုင်ငံကလေးများနေ့ကို ကျင်းပပြုလုပ်ခဲ့ပါတယ်။
“သမီးက ထိုင်းကိုဒီနှစ်မှာရောက်တာပါ မြန်မာနိုင်ငံမှာတော့ ၈တန်းထိ ကျောင်းတတ်ခဲ့တယ်။ ဒီကိုရောက်တော့ မြန်မာစာသင်ကျောင်းတွေရှိတာနဲ့ ၉တန်းကို ဆက်တတ်ဖြစ်ခဲ့တယ်။ ဒီနေ့သမီးတို့တတ်နေတဲ့ကျောင်းမှာ ထိုင်းနိုင်ငံကလေးများနေ့ကို ကျင်းပပြုလုပ်တယ်။ ဒီမှာပြုလုပ်တဲ့ ကလေးများနေ့က ပျော်ဖို့ကောင်းတယ်။ ဂိမ်းတွေ၊ ပြိုင်ပွဲတွေ၊ ကလေးတွေရဲ့ အကဖျော်ဖြေမှုတွေအပြင် စားစရာတွေလည်းကျွေးတယ်။ မြန်မာနိုင်ငံမှာလုပ်တဲ့ကလေးများနေ့ကျတော့ ကျပမ်းစကားပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ ဒါတွေပဲလုပ်တော့ သိပ်တော့ပျော်ဖို့မကောင်းဘူး ဒီကျောင်းမှာက ပျော်ဖို့ကောင်းတယ်၊ အငယ်တန်းလေးတွေကနေ အကြီးတန်းတွေအထိ အားလုံးတန်းတူပျော်ရွှင်မှုရရှိတယ်လို့ နဝမတန်းမှာ တတ်ရောက်နေတဲ့ မရွှန်းလဲ့ခင်” က Migrant Times ကိုပြောပါတယ်။
“ယခုလိုကလေးများနေ့ကို ပြုလုပ်ပေးရတာကလည်း ကလေးတွေရဲ့ပညာရေး၊ကျန်းမာရေးအပြင်၊ ဘဝတိုးတက်ရေးနဲ့အတူ ပျော်ရွှင်မှုတွေကိုလည်းရရှိစေရန်အတွက်လည်းရည်ရွယ်တယ်လို့ ပညာရေးနှင့်ဖွံ့ဖြိုးတိုးတတ်ရေး ဖောင်ဒေးရှင်း ( FED-ULC ) အထက်တန်းကျောင်းက ကျောင်း အုပ်ဆရာမကြီး ခူဂျရီ”ကလည်း Migrant Times ကိုပြောပါတယ်။
ထိုင်းနိုင်ငံရဲ့ကလေးများနေ့ကို ၁၉၆၀နှစ်ကစတင်ခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံတစ်ဝန်းက ထိုင်းအစိုးရစာသင်ကျောင်းများနှင့် မြန်မာရွှေ့ပြောင်းစာသင်ကျောင်းတွေမှာ နှစ်စဥ် ယခုလို ဇန်နဝါရီလအတွင်းမှာ ကျင်းပပြုကြတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *