ဘန်ကောက်အပါ ခရိုင် ၄ ခု ဒီရေကြောင့် ရေကြီးနိုင်

ထိုင်းနိုင်ငံ ၊ စမွတ်ပရာကန်ခရိုင် ကမ်းရိုးတန်းဒေသတွင် ယနေ့ ဧပြီလ ၃ ရက်နေ့ နံနက်၌ ဒီရေမြင့်တက်မှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး ဘန်ကောက်မြို့နယ် အပါအဝင် ခရိုင်၄ ခုတွင် ရေကြီးမှု အတွက် ကြိုတင်ပြင်ဆင်ရန်လိုအပ်ကြောင်း အမျိုးသားရေ အရင်းအမြစ်ရုံး (ONWR) ကထုတ်ပြန်သည်။

ONWR ထုတ်ပြန်ချက်အရ ယနေ့ နံနက်ပိုင်းတွင် ဒီရေမြင့်တက်မှုကြောင့် စမွတ်ပရာကန်ခရိုင် ဖရာစမွတ်ချေဒီရှိ ဆွိုင်ခရသင်းဒဲန်းနှင့် တမ်ဘွန်ဘန်ခလောင်ဆွမ်းရှိ ရဲစခန်းရှေ့လမ်းတို့တွင် ရေလွှမ်းမိုးခဲ့သည်။

ဒီရေမြင့်တက်မှုကြောင့် ကျောက်ဖရား၊ သချင်မြစ်၊ မဲခလောင်မြစ်များရှိ အချို့ဒေသများတွင် ရေလျှံစေနိုင်ကြောင်း ONWR က သတိပေးထုတ်ပြန်ခဲ့သည်။ ရေကာတာအနီးရှိ နေထိုင်သူများအနေဖြင့် ရေလွှမ်းမိုးမှုများအတွက် ပြင်ဆင်ထားရန် လိုကြောင်း အကြံပြုထားသည်။

ONWR ထုတ်ပြန်ချက်အရ ဒီရေမြင့်တက်မှုကြောင့် စမွတ်ပရာကန်၊ ဘန်ကောက်၊ စမွတ်ဆာခွန်၊ နခွန်ပထုန်နှင့် စမွတ်ဆောင်ခရမ်တို့တွင် ရေကြီးရေလျှံမှု ကြောင့် ထိခိုက်စေနိုင်သည်။

ထိုင်းမိုးလေဝသဌာန (TMD) ကလည်း ထိုင်းနိုင်ငံတောင်ပိုင်းရှိ ပရာကျွပ်ခီရီခန်၊ ချွန်ဖွန်၊ ဆူရတ်ထာနီ၊ နခွန်ဆီထမ္မရတ်၊ ဖတ်ထလွန်၊ ဆောင်ခလာ၊ ပတ္တာနီ၊ ယာလာ၊ နရာသီဝပ်၊ ရနောင်း၊ ဖန်င၊ ဖူးခက်၊ ကရာဘီ၊ ထရန်းနှင့် စတူးလ်မြို့နယ်များတွင် ဧပြီလ ၂ ရက်နေ့မှ ၄ ရက်နေ့အတွင်း မိုးရွာသွန်းနိုင်ကြောင်း ကြေညာထားသည်။

ကိုးကား -The Nation ဓာတ်ပုံ -The Nation

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *