Site icon Migrant Times

ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး)အတွက် ဆုမွန်လွှာ

ယနေ့ကျရောက်သည့် ၂ဝ၂၅ ခုနှစ်၊ ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) တွင် မြန်မာနိုင်ငံနှင့် ပြည်ပရှိရွှေ့ပြောင်းနေထိုင်သူများ၊ အလုပ်လုပ်ကိုင်သူများ ကာယ၊ ဉာဏ အလုပ်သမားများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပါစေကြောင်း Migrant Times သတင်းဌာနက ဆန္ဒပြုအပ်ပါသည်။

Migrant Times တည်ထောင်ခဲ့စဉ် ကတည်းက ရွှေ့ပြောင်းနေထိုင်သူများ၏ သတင်းများကို အလေးပေးအာရုံစိုက်ခဲ့ပြီး လူမှုဘဝပေါင်းစည်းမှုကို မြှင့်တင်ရန် ရွှေ့ပြောင်းနေထိုင်သူအသိုင်းအဝိုင်းနှင့် အိမ်ရှင်လူမှုအသိုင်းအဝိုင်းများအကြား လူမှုစည်းလုံးညီညွတ်မှုကို မြှင့်တင်ရန် ကြိုးစားဆောင်ရွက်ခဲ့ပါသည်။

Migrant Times သည် ရွှေ့ပြောင်းနေထိုင်သူများ၏ နေ့စဉ် လူမှုဘဝလှုပ်ရှား သွားလာရာတွင် အဖိုးတန်သည့်သတင်းအချက်အလက် အရင်းအမြစ်များနှင့် လက်တွေ့ကျသော သတင်းအချက်အလက်များရရှိရန် ဗီဒီယိုများ၊ သတင်းများ၊ သုတေသနများ လုပ်ဆောင်ခြင်းစသည့် ပညာပေးလုပ်ငန်းစဉ်များကို တိုးချဲ့ခဲ့ပါသည်။

Migrant Times သည် ရှေ့ဆက်လျှောက်လှမ်းရာတွင် ရွှေ့ပြောင်းနေထိုင်သူအသိုင်းအဝိုင်းနှင့် အိမ်ရှင်အသိုင်းအဝိုင်းများသာမက ပညာရှင်များ၊ သုတေသီများနှင့် ပိုမိုပါဝင်သော လူ့အဖွဲ့အစည်းတစ်ခုအတွက် မူဝါဒချမှတ်သူများအတွက်ပါ ယုံကြည်စိတ်ချရသော လေ့လာရာ၊ မှီတည်းရာ အချက်အချာ တစ်ခု ဖြစ်လာရန် ကြိုးပမ်းလျက်ရှိပါသည်။

Migrant Times နှင့်အတူ ပါဝင်ပေးသည့်အတွက် ကျေးဇူးတင်ပါသည်။

Migrant Times အားဆက်လက် အားပေးကူညီမည်ဟု ယုံကြည်ပြီး ပူးပေါင်း ပါဝင်မှုများအတွက် များစွာ ဝမ်းမြောက်ဂုဏ်ယူပါကြောင်း Migrant Times ဝိုင်းတော်သားများက ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး)တွင် ပြောကြားအပ်ပါသည်။

– Migrant Times

Exit mobile version