Site icon Migrant Times

ဖူးခက်မှာ မြန်မာလူငယ်ဂိုဏ်းက ဆိုင်တစ်ဆိုင်ကို ဝင်ရောက်စီးနင်း

(သတင်းတို)

ဩဂုတ် ၂၅ – Migrant Times

ထိုင်းနိုင်ငံတောင်ပိုင်း၊ဖူးခက်မြို့တွင် မြန်မာလူငယ်ဂိုဏ်းတစ်ဂိုဏ်းက လက်နက်အပြည့်အစုံဖြင့်

ခေါက်ဆွဲဆိုင်တစ်ဆိုင်ကို ဝင်ရောက်စီးနင်းခဲ့ကြောင်း Phuket Times သတင်းက ယနေ့(ဩဂုတ် – ၂၅)ဖော်ပြသည်။

လူငယ်ဂိုဏ်းသည် ရန်ငြိုးရှိသည့် အခြားပြိုင်ဘက်အဖွဲ့ကို တိုက်ခိုက်ရန် ရည်ရွယ်ချက်ဖြင့် ဝင်ရောက်ရှာဖွေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သို့သော်လည်း မတွေ့ရှိခဲ့သည့်အတွက် ဆိုင်တွင်းရှိ ပစ္စည်းများကို ရိုက်ချိုးဖျက်ဆီးခဲ့ပြီး သေနတ်ထုတ်ပြကာ ခြိမ်းခြောက်သွားခဲ့ကြောင်း Phuket Times သတင်းက ယနေ့ဖော်ပြသည်။

Phuket Times ကဖော်ပြသည့် CCTV ဓာတ်ပုံတွင် ယမန်နေ့ ဩဂုတ်လ ၂၄ ရက်နေ့ည ၁ဝ နာရီ ၂၈ မိနစ်၌ လူငယ်အချို့အား ဆိုင်ကယ်နှစ်စီးဖြင့် ဆိုင်အနီးတွင် တွေ့ရသည်။

ဖြစ်စဉ်အသေးစိတ်ကို သတင်းကဖော်ပြထားခြင်းမရှိပါ။

ဖူးခက်မြို့တွင် သြဂုတ်လ ၂၂ ရက်နေ့ နံနက်အစောပိုင်းကလည်း လူဝင်မှုကြီးကြပ်ရေးရုံးတွင် မြန်မာသို့ပြန်ပို့ရန် ထိန်းသိမ်းခံထားရသည့် အသက် ၂၉ နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦးသည် မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြခဲ့သည်။

Photo – Phuket Times

#Migranttimes

#ထိုင်း

#Phuket

#thailand

YouTube https://www.youtube.com/@migranttimes

Website https://www.migranttimes.com/

Telegram https://t.me/migranttimes

TikTok https://www.tiktok.com/@migranttime

Exit mobile version