ထိုင်းက ရွှေ့ပြောင်းလုပ်သားတွေ အလုပ်လုပ်ခွင့်သက် တမ်းတိုးရက် တိုးမြှင့်

ထိုင်းက ရွှေ့ပြောင်းလုပ်သားတွေ အလုပ်လုပ်ခွင့်သက် တမ်းတိုးရက် တိုးမြှင့်

ဖေဖော်ဝါရီ ၁၀ ရက်၊ Migrant Times
  • ထိုင်းက ရွှေ့ပြောင်းလုပ်သားတွေရဲ့ အလုပ်လုပ်ခွင့်သက်တမ်းတိုးဖို့အတွက် မှတ်ပုံတင်ရက်ကို တိုးမြှင့်ပေးဖို့ အလုပ်သမားဝန်ကြီးဌာနရဲ့အဆိုပြုချက်ကို ထိုင်းအစိုးရအဖွဲ့က သဘောတူလိုက်ပါတယ်။မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်အပါအဝင် ပြည်ပရွှေ့ပြောင်းအလုပ်သမားတွေ ထိုင်းနိုင်ငံအတွင်း ဆက်လက်အလုပ်လုပ်နိုင်ဖို့ မှတ်ပုံတင်နောက်ဆုံးရက်ကို အရင်က ဖေဖော်ဝါရီ ၁၃ ရက် နေ့ သတ်မှတ်ခဲ့ပေမယ့် အခု မေလလယ် ၁၅ ရက်အထိ ရက်ပေါင်း ၉၀ ထပ်မံတိုးမြှင့်ခွင့်ပြုလိုက်တာလို့ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယအကြီးအကဲ Traisuree Traisaranakul က ပြောပါတယ်။
  • လိုအပ်တဲ့စာရွက်စာတမ်းတွေ ပြင်ဆင်ဖို့ အဲဒီလို တိုးမြှင့်ခွင့်ပြုထားတဲ့ကာလအတွင်း ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ဘယ်လိုဗီဇာအမျိုးအစားမဆို ရက်ကျော်လွန်နေထိုင်မှု ပြစ်ဒဏ်တွေကို ထိုင်းအစိုးရက သက်ညှာခွင့်ပေးမယ်လို့ အထက်ပါပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ တစ်ချိန်တည်းမှာ အလုပ်သမားတွေဟာ သူတို့ရဲ့ လူမှုဖူလုံရေးခံစားခွင့်တွေကို ဆက်လက်ရရှိနေမှာပါ။အလုပ်လုပ်ခွင့်(Work Permit)သက်တမ်းတိုးခြင်းဟာ သူတို့လျှောက်ထားတဲ့ အလုပ်လုပ်ခွင့်အမျိုးအစားအပေါ်မူတည်ပြီး ထိုင်းနိုင်ငံအတွင်း ၂၀၂၄ ဖေဖော်ဝါရီ ၁၃ ရက် သို့မဟုတ် ၂၀၂၅ ဖေဖော်ဝါရီ ၁၃ ရက် မတိုင်မီ ပြည်ပရွှေ့ပြောင်းအလုပ်သမားတွေ အလုပ်လုပ်နိုင်ဖို့ ခွင့်ပြုပေးတာဖြစ်ပါတယ်။
  • အလုပ်သမားရေးရာဌာန(DoE) ညွှန်ကြားရေးမှူးချုပ် Pairoj Chotikasatien က အဲဒီအလုပ်သမားတွေအနေနဲ့ သက်တမ်းတိုးခြင်းကို DoE ရဲ့ အင်တာနက်စာမျက်နှာ (alien13febrenewal.doe.go.th) မှာ မှတ်ပုံတင်နိုင်တယ်လို့ ပြောပါတယ်။ ဖေဖော်ဝါရီ ၁၃ ရက်မတိုင်မီတော့ Krung Thai Bank မှာ သတ်မှတ်ထားတဲ့မှတ်ပုံတင်ကြေး ပေးသွင်းဖို့တော့ လိုအပ်မှာပါ။
ကိုးကား – ဘန်ကောက်ပို့စ်                                                                                                                                                                                               

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *