အလုပ်သမားအခွင့်အရေးချိုးဖောက်မှုကြောင့်ဆိုပြီး Pepsiအချိုရည်ကို သပိတ်မှောက်ဖို့စီစဥ်နေ

အလုပ်သမားအခွင့်အရေးချိုးဖောက်မှုကြောင့်ဆိုပြီး Pepsiအချိုရည်ကို သပိတ်မှောက်ဖို့စီစဥ်နေ

ဧပြီ ၅ ရက်၊ Migrant Times
  • မှော်ဘီမြို့နယ်မှာဖွင့်လှစ်ထားတဲ့ Pepsiအချိုရည်စက်ရုံအနေနဲ့အလုပ်သမားအခွင့်အရေးချိုးဖောက်တာရှိနေလို့ဆိုပြီး အဲဒီအချိုရည်ထုတ်ကုန်တွေကို သပိတ်မှောက်တဲ့စားသုံးသူကမ်ပိန်းပြုလုပ်ဖို့ရှိတယ်လို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)ထံကသိရပါတယ်။Pepsiအချိုရည်စက်ရုံက လုပ်သက်ရင့်လုပ်သားတစ်ဦးကို ဥပဒေနဲ့မညီဘဲ အလုပ်ထုတ်လိုက်တာနဲ့ပတ်သက်လို့ အငြင်းပွားမှုရှိနေပြီး သက်ဆိုင်ရာ ကလည်း မှန်ကန်ထိရောက်အောင်တာဝန်ယူဖြေရှင်းပေးမူမရှိဘဲ အငြင်းပွားမှုကာလကြာရှည်နေတာလို့ဆိုပါတယ်။
  • “အလုပ်သမားအတွက်အချိန်အကြာကြီးရင်ဆိုင်ဖြေရှင်းနေရပေမယ့် လိုချင်တဲ့အဖြေထွက်မလာဘူး။ပြေလည်မှုလည်းမရတဲ့အတွက် Pepsiအချိုရည်ကို Boycott လုပ်ဖို့ပြင်ဆင်နေတာ”လို့ STUMမှတာဝန်ရှိသူကပြောပါတယ်။အလုပ်သမားဖြစ်သူဦးသောင်းဟန်မှာ ပြီးခဲ့တဲ့နှစ်အောက်တိုဘာလကုန်ကတည်းက အလုပ်ထုတ်ခံရတာဖြစ်ပါတယ်။အဲဒီလိုအလုပ်ထုတ်တဲ့အပေါ်မကျေနပ်လို့ ဥပဒေအတိုင်း အဆင့်ဆင့်ညှိနိူင်းခဲ့ပေမယ့် အခုအချိန်အထိပြေလည်မှုမရသေးဘဲ နောက်ဆုံးမှသာအလုပ်သမားရုံးက စက်ရုံကိုတရားစွဲဆိုခွင့်စာထုတ်ပေးခဲ့တယ်လို့သိရပါတယ်။
  • အဲဒီအတွက် အလုပ်သမားက ဥပဒေကြောင်းအရ စက်ရုံကိုတရားစွဲဆိုသွားမှာဖြစ်သလို တစ်ဘက်ကနေလည်း နိုင်ငံတကာစားသုံးသူများကြားအထိ ရောက်ရှိစေမယ့် ကမ်ပိန်းပြုလုပ်မှာလို့ STUMကဆိုပါတယ်။အဲဒီလို အလုပ်သမားအငြင်းပွားမှုဖြစ်စဥ်နဲ့ပတ်သက်လို့ Pepsiအချိုရည်စက်ရုံဘက်ကို ဆက်သွယ်​မေး​မြန်းပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *