နိုင်ငံကူးလက်မှတ် ထုတ်ပေးတာ ရပ်ထားလို့ ပြည်ပထွက်မယ့် မြန်မာလုပ်သား​‌တွေအခက်တွေ့

နိုင်ငံကူးလက်မှတ် ထုတ်ပေးတာ ရပ်ထားလို့ ပြည်ပထွက်မယ့် မြန်မာလုပ်သား​‌တွေအခက်တွေ့

ဇန်နဝါရီ ၁၆ ရက်၊ Migrant Times
  • ပြည်တွင်းမှာ နိုင်ငံကူးလက်မှတ်ထုတ်ပေးတာကို ရပ်ထားတာကြောင့် အလုပ်ရှင်နဲ့တိုက်ရိုက်ချိတ်ဆက်ပြီး ပြည်ပမှာ အလုပ်သွားလုပ်မယ့်သူတွေ အခက်တွေ့နေပါတယ်။နိုင်ငံကူးလက်မှတ်အသစ်ပြုလုပ်တာ၊ သက်တမ်းတိုးတာတွေကို ဒီဇင်ဘာလဆန်းကတည်းက ရပ်ထားတာဖြစ်ပြီးရက်ချိန်းရထားသူတွေပါ ဆက်လုပ်ခွင့်မရတော့တာ ဖြစ်ပါတယ်။ဒါကြောင့် အကြောင်းအမျိုးမျိုးနဲ့ပြည်ပထွက်ဖို့ပြင်နေသူတွေဟာလည်း အစီအစဥ်တွေ ရွှေ့ဆိုင်းထားရတယ်လို့ဆိုပါတယ်။အလုပ်အကိုင်အေဂျင်စီချင်းချိတ်ဆက်ပြီး ပြည်ပမှာအလုပ်သွားလုပ်မယ့်သူတွေအတွက်ပဲ သီးခြားအစီအစဥ်အနေနဲ့ နိုင်ငံကူးလက်မှတ် လုပ်ပေးနေပြီး ကိုယ်ပိုင်အစီအစဥ်နဲ့ ပြည်ပမှာ အလုပ်သွားလုပ်မယ့်သူတွေအတွက် နိုင်ငံကူးလက်မှတ် လုပ်​ပေးတာကို လက်ရှိမှာရပ်ဆိုင်းထားပါတယ်။
  • ပြည်ပမှာ အလုပ်လုပ်ဖို့ ပြောဆိုထားပြီးသူတွေအတွက် နိုင်ငံကူးလက်မှတ် အခက်အခဲကြောင့် အလုပ်လက်လွှတ်ရမယ့်အခြေအနေတွေ ရှိ​ေနတယ်လို့ အလုပ်သမားတစ်ဦးက ဆိုပါတယ်။” တစ်ဘက်ကုမ္ပဏီနဲ့က စကားပြောထားပြီးပြီ။အင်တာဗျူးလည်း အောင်ထားတယ်။ အခု ပတ်စ်ပို့သက်တမ်းက ပြည့်တော့မှာဆိုတော့ သက်တမ်းတိုးပြီးမှထွက်လို့ရမှာ။ သက်တမ်းက တိုးမရတော့ ထွက်ဖို့ခက်နေတယ်။ ပိတ်ထားတာကလည်း ဘယ်လောက်ကြာဦးမယ်မသိဘူး ” လို့ စင်ကာပူနိုင်ငံကို ကျွမ်းကျင်လုပ်သားအဖြစ်သွားလုပ်ဖို့ ပြင်ဆင်နေသူတစ်ဦးက ပြောပါတယ်။
  • ပြည်ပမှာ သွားရောက်လုပ်ကိုင်သူအများစုဟာ အလုပ်အကိုင်အေဂျင်စီနဲ့ ချိတ်ဆက်သွားရောက်ရတာဖြစ်ပြီး ကျွမ်းကျင်လုပ်သားတွေကတော့ တစ်ဘက်နိုင်ငံလုပ်ငန်းရှင်ရဲ့လက်ခံခေါ်ယူမှုပေါ်မူတည်ပြီး ကိုယ်ပိုင်အစီအစဥ်နဲ့ သွားရောက်ခွင့်ရှိပါတယ်။မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က လက်ရှိမှာ MOUလုပ်သားတွေ၊ သင်္ဘောသားတွေနဲ့ ဗုဒ္ဓဂါယာဘုရားဖူးသွားမယ့်သူတွေကို သက်ဆိုင်ရာဌာနရဲ့ထောက်ခံချက်နဲ့ နိုင်ငံကူးလက်မှတ် ဆက်ထုတ်ပေးနေတယ်လို့ သိရတယ်။အရင်လို နိုင်ငံကူးလက်မှတ် တစ်ပြေးညီထုတ်ပေးမယ့်အစီအစဥ်ကို ဘယ်တော့ ပြန်စမယ်ဆိုတာကိုတော့အသိပေးတာ မရှိသေးပါဘူး။                   

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *