GTIG စက်ရုံပိတ်သိမ်းမှုမှာ အလုပ်သမားနစ်နာကြေးအပြည့်ပေး၊ မပေး စောင့်ကြည့်မယ်လို့ဆို

GTIG စက်ရုံပိတ်သိမ်းမှုမှာ အလုပ်သမားနစ်နာကြေးအပြည့်ပေး၊ မပေး စောင့်ကြည့်မယ်လို့ဆို

ဖေဖော်ဝါရီ ၁၉ ရက်၊ Migrant Times
  • ရွှေပြည်သာမြို့နယ်က GTIG အထည်ချုပ်စက်ရုံပိတ်သိမ်းမှုမှာ အလုပ်သမားတွေ ရသင့်တဲ့ နစ်နာကြေးအမှန်ပေး၊ မပေး စောင့်ကြည့်မယ်လို့ အလုပ်သမားအဖွဲ့အစည်းတွေက ပြောပါတယ်။လုပ်ငန်းခွင်အငြင်းပွားမှုတွေရှိနေတဲ့ GTIG အထည်ချုပ်စက်ရုံကို ဖေဖော်ဝါရီလ ၂၈ ရက်ကစပြီး ပိတ်သိမ်းမယ်လို့ စက်ရုံဘက်ကအသိပေးထားပြီး အလုပ်သမားနစ်နာကြေးတွေ ဘယ်လိုထုတ်ပေးမယ်ဆိုတာတော့အတိအကျမသိရသေးဘူးလို့ သူတို့က ဆိုပါတယ်။
  • ” စက်ရုံကတော့ ဥပဒေပါ နစ်နာကြေးအတိုင်း ပေးမယ်လို့တော့ ပြောထားတာပဲ။ အပြောနဲ့ညီ၊ မညီကတော့ စောင့်ကြည့်ရမယ် ” လို့ အဲဒီစက်ရုံအလုပ်သမားအရေးကူညီပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။GTIG စက်ရုံအနေနဲ့ ရုတ်တရက်ပိတ်သိမ်းဖို့ဖြစ်လာတာကြောင့် နို့တစ်ကြေး တစ်လစာပေးရမယ့် တာဝန်ရှိနေသလို လုပ်သက်နစ်နာကြေးတွေပါ ထုတ်ပေးဖို့ ရှိနေတာဖြစ်ပါတယ်။
  • အဲဒီစက်ရုံကို ၂၀၁၇ ကတည်းက ဖွင့်လှစ်ထားတာကြောင့် လုပ်သက်ကြီး အလုပ်သမားတွေရှိနေသလို အလုပ်သမား ၁၃၀၀ လောက်နဲ့ လည်ပတ်ခဲ့တာလည်း ဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်အတွင်း ရွှေပြည်သာမြို့နယ်မှာ စက်ရုံတချို့ပိတ်သိမ်းမှုရှိခဲ့ပြီး အလုပ်သမားတွေကို နစ်နာကြေးအပြည့်အဝထုတ်မပေးတာကြောင့် အငြင်းပွားမှုတွေရှိခဲ့ပါတယ်။

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *