နယ်စပ်ဖြတ်ကျော် နိုင်ငံသားများ ခေါင်းစဉ်နဲ့ တတိယအကြိမ်မြောက် ပြည်သူ့ဖိုရမ်ကို ဘန်ကောက်မှာ ကျင်းပ

နယ်စပ်ဖြတ်ကျော် နိုင်ငံသားများ ခေါင်းစဉ်နဲ့ တတိယအကြိမ်မြောက် ပြည်သူ့ဖိုရမ်ကို ဘန်ကောက်မှာ ကျင်းပ

မတ် ၃ ရက်၊ Migrant Times
  • အာရှဘာသာစကားနှင့် ယဉ်ကျေးမှုဆိုင်ရာ သုတေ သနဌာနက “နယ်စပ်ဖြတ်ကျော် နိုင်ငံသားများ” ခေါင်းစဉ်နဲ့တတိယအကြိမ် ပြည်သူ့ဖိုရမ်ကို မနေ့က ကျင်းပခဲ့‌ပါတယ်။Mahidol University အာရှဘာသာစကားနှင့် ယဉ်ကျေးမှုဆိုင်ရာ သုတေသနဌာန တွဲဖက်ပါမောက္ခ ဒေါက်တာ Morakot Meyerက အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။ဒီအခမ်းအနားဟာ “Some One-ASEAN Buddy: Let’s be Friends” လှုပ်ရှားမှုဖြစ်တဲ့ ထိုင်း-အာဆီယံ ယဉ်ကျေးမှုပေါင်းစုံ လူ့အဖွဲ့အစည်းအတွင်း အတူယှဉ်တွဲနေထိုင်ရေး မြှင့်တင်တဲ့လှုပ်ရှားမှုဖြစ်ပါတယ်။
  • အလုပ်သမားအခွင့်အရေးမြှင့်တင်ရေးကွန်ရက်ဖောင်ဒေးရှင်း (LPN)ကလည်း မြန်မာရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး မြှင့်တင်ခြင်းကို ဆွေးနွေးခဲ့ပါတယ်။ထိုင်းနိုင်ငံပြင်ပ အခြားနိုင်ငံများသို့ ပြောင်းရွှေ့နေထိုင်ကြသော ထိုင်းလူမျိုးများနှင့် ထိုင်းနိုင်ငံတွင် ပြောင်းရွှေ့နေထိုင်ကြသော အခြားနိုင်ငံမှ ရွှေ့ပြောင်းနေထိုင်သူများအကြောင်းကိုလည်း ပါဝင်ဆွေးနွေးခဲ့ပါတယ်။ရွှေ့ပြောင်းမိသားစုများနှင့် လူငယ်များ၏ အသံများကို နားထောင်ခြင်း၊ ထိုင်းလူ့အဖွဲ့အစည်းဆီကနေ ရရှိမယ့် အခွင့်အလမ်းတွေနဲ့ ပတ်သက်ပြီး ထိုင်းပညာရှင်တွေရဲ့အမြင်မကို နားထောင်ခြင်း၊ Khun Sopapornရဲ့ “ပြည်ပရောက်ထိုင်းများ” ဇာတ်လမ်းတွဲမှ မှတ်တမ်းရုပ်ရှင်ကား Some One ကိုလည်း ဂုဏ်ပြုချီးမြှင့်ခဲ့ပါတယ်။

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *