ပြည်ပရောက် ထိုင်းအလုပ်သမားတွေဆီက ထိုင်းဘတ် ၂၉၉,၀၇၇ ဘီလီယံ ၀င်ငွေရရှိ

ပြည်ပရောက် ထိုင်းအလုပ်သမားတွေဆီက ထိုင်းဘတ် ၂၉၉,၀၇၇ ဘီလီယံ ၀င်ငွေရရှိ
- ထိုင်းနိုင်ငံဟာ COVID-19 အလွန်မှာ အလုပ်သမား တစ်သိန်းကျော်ကို နိုင်ငံခြားကို တရား၀င်ပို့ခဲ့ပြီး ဝင်ငွေ ထိုင်းဘတ် ဘီလီယံ ၂၉၉,၀၇၇ ကျော် ရရှိခဲ့တယ်လို့ သိရပါတယ်။ဝန်ကြီးချုပ်ဟာ စျေးကွက်ချဲ့ထွင်ဖို့နဲ့ ထိုင်းအလုပ်သမားေတွကို ပြည်ပနိုင်ငံကို တရားဝင်အလုပ်သွားလုပ်ဖို့ အားပေးတိုက်တွန်းခဲ့ကြောင်း အစိုးရ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ အနူချာက ပြောပါတယ်။
- ထိုင်းနိုင်ငံမှ အလုပ်သမား ၁၁၃,၁၈၆ ဦး ပြည်ပကို သွားရောက် အလုပ်လုပ်ကိုင်ပြီး ထိုင်းနိုင်ငံ ဘဏ်စနစ်နဲ့မိခင်နိုင်ငံကို စုစုပေါင်းတန်ဖိုး ထိုင်းဘတ်ငွေ ၂၉၉,၀၇၇ သန်းကျော် ပြန်ပို့ခဲ့ကြောင်း မစ္စတာ အနူချာက ဆိုပါတယ်။ထိုင်းနိုင်ငံရဲ့စီးပွားရေးတိုးတက်မှုကို ပံ့ပိုးပေးရာမှာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့လည်း ဆိုပါတယ်။စျေးကွက်ချဲ့ထွင်ဖို့နဲ့ ထိုင်းနိုင်ငံမှ အလုပ်သမားတွေကိုပြည်ပသို့ သွားရောက်လုပ်ကိုင်ဖို့ တွန်းအားပေးဆောင်ရွက်ဖို့ သက်ဆိုင်ရာ အေဂျင်စီတွေကိုလည်း ညွှန်ကြားထားပါတယ်။