အနည်းဆုံးလုပ်ခတိုးမြှင့်ဖို့ အလုပ်သမားအဖွဲ့အစည်းတွေ တောင်းဆိုမယ်

အနည်းဆုံးလုပ်ခတိုးမြှင့်ဖို့ အလုပ်သမားအဖွဲ့အစည်းတွေ တောင်းဆိုမယ်

ဧပြီ ၂၀ ရက်၊ Migrant Times
  • ပြည်တွင်းမှာ အနည်းဆုံးလုပ်ခလစာတိုးမြှင့်သတ်မှတ်ပေးဖို့ ဆက်လက်တောင်းဆိုမယ်လို့ အလုပ်သမားအဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။မြန်မာနိုင်ငံရဲ့အနည်းဆုံးလုပ်ခလစာ တစ်ရက် ၄၈၀၀ ကျပ်သတ်မှတ်ခဲ့တာဟာ လာမယ့်မေလမှာ ၅နှစ်ပြည့်မှာဖြစ်ပြီး အခုအချိန်ထိ နှုန်းထားအသစ် မပြင်ဆင်ပေးတဲ့အပေါ် ဝေဖန်မှုတွေရှိနေပါတယ်။ဒါကြောင့် အနည်းဆုံးလုပ်ခသတ်မှတ်မှု ၅နှစ်ပြည့်ရက်မရောက်ခင် လုပ်ခပြင်ဆင်သတ်မှတ်ရေးတောင်းဆိုမယ်လို့ အလုပ်သမားသမဂ္ဂခေါင်းဆောင်တစ်ဦးက ဆိုပါတယ်။
  • ” အလုပ်သမားတွေရဲ့ ဥပဒေပါ ခံစားခွင့် ပျက်ကွက်နေတဲ့အပေါ် ဆက်ပြီး ငြိမ်ခံနေလို့ မဖြစ်ဘူး။ ကျွန်တော်တို့တောင်းဆိုမှုတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်ရမယ်” လို့ သူက ပြောပါတယ်။အနည်းဆုံးအခကြေးငွေဥပဒေအရ အနည်းဆုံးလုပ်ခလစာကို ၂နှစ်မှာ တစ်ကြိမ် ပြင်ဆင်သတ်မှတ်ရမယ်လို့ပြဌာန်းထားပေမယ့် ပြင်ဆင်သတ်မှတ်ရမယ့် သက်တမ်းနှစ်ကြိမ်ကျော်လွန်ခဲ့ပြီ ဖြစ်ပါတယ်။အခုအချိန်အထိ အလုပ်သမားတွေဟာ လွန်ခဲ့တဲ့ ၅ နှစ်ကသတ်မှတ်ထားတဲ့ လုပ်ခနှုန်းထားအတိုင်းသာ ရရှိနေပြီး လက်ရှိကုန်စျေးနှုန်းက သိသာစွာမြင့်တက်နေခဲ့တယ်လို့ဆိုပါတယ်။
  • ” လွန်ခဲ့တဲ့ ၅နှစ်က ဆန်တစ်ပြည်စျေးနဲ့ အခုစျေးက မတူတော့ဘူး။ အလုပ်သမားတွေရဲ့လုပ်အားခကတော့ ပြောင်းမလာဘူး။ အလုပ်ရှင်တွေက ဒါကိုလျစ်လျူရှုပြီးသူတို့ အကျိုးပဲ ကြည့်နေတာ” လို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။အနည်းဆုံးလုပ်ခလစာကို ပြင်ဆင်ဖို့ကြိုးစားနေတယ်လို့ ပြီးခဲ့တဲ့နှစ်က အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်တာရှိခဲ့ပြီးနောက် ထူးခြားတဲ့လုပ်ဆောင်ချက်တွေ မတွေ့ရတော့ဘူးလို့လည်း အလုပ်သမားအရေး လှုပ်ရှားသူတွေက ဆိုပါတယ်။အလုပ်သမားတွေဘက်က အနည်းဆုံးလုပ်ခ တိုးမြှင့်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် စက်ရုံတွေက​တော့ လုပ်ခတိုးမပေးတဲ့အပြင် လုပ်အားညှစ်ထုတ်စေခိုင်းတာတွေပဲ လုပ်နေခဲ့တယ်လို့ အလုပ်သမားတွေက ဆိုပါတယ်။
ဓာတ်ပုံ-ပြည်တွင်းစက်ရုံလုပ်ငန်းခွင်တစ်ခုကို မြင်တွေ့ရစဥ်

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *