ထိုင်းဥပဒေ ပုဒ်မ ၁၁၂ ကို ဖောက်ဖျက်ကျူးလွန်ပါက နိုင်ငံခြားသား အလုပ်သမားများ အလုပ်လုပ်ခွင့် လိုင်စင်ရုပ်သိမ်းနိုင်ကြောင်း အလုပ်အကိုင် ဦးစီးဌာနက သတိပေး

ထိုင်းဥပဒေ ပုဒ်မ ၁၁၂ ကို ဖောက်ဖျက်ကျူးလွန်ပါက နိုင်ငံခြားသား အလုပ်သမားများ အလုပ်လုပ်ခွင့် လိုင်စင်ရုပ်သိမ်းနိုင်ကြောင်း အလုပ်အကိုင် ဦးစီးဌာနက သတိပေး
မေ ၄ ရက်၊ Migrant Times
  • ထိုင်းဥပဒေ ပုဒ်မ ၁၁၂ ကို ဖောက်ဖျက်ကျူးလွန်ပါက နိုင်ငံခြားသား အလုပ်သမားများ အလုပ်လုပ်ခွင့် လိုင်စင်ရုပ်သိမ်းနိုင်ကြောင်း အလုပ်အကိုင် ဦးစီးဌာနက သတိပေးထားပါတယ်။မေလ ၁ ရက်နေ့ အလုပ်သမားနေ့မှာ နိုင်ငံခြားသား အလုပ်သမားများတောင်းဆိုသည့် ထိုင်းဘုရင်ကို ပြုပြင်ပြောင်းလဲခြင်းနှင့် သက်သာချောင်ချိရေး လူနေမှုအစိုးရ ကူညီဖန်တီးရန်ကိစ္စဟာ ရာဇ၀တ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၁၂ အရ ပြစ်မှု ငြိစွန်းပြီး ကျူးလွန်တယ်လို့ အလုပ်အကိုင် ဦးစီးဌာန (ACT) မှ ညွှန်ကြားရေးမှူးချုပ် Mr. Phairot Chotiskasthiraက ဆိုပါတယ်။
  • တရား၀င် မှန်ကန်စွာ အလုပ်လုပ်ကိုင်ခွင့် ပါမစ်ရထားတဲ့ နိုင်ငံခြား အလုပ်သမားဖြစ်စေ အများပြည်သူဆိုင်ရာစည်းမျဥ်း စည်းကမ်းနှင့်စပ်လျဉ်းသည့် ဥပဒေကို ဆန့်ကျင်သည့် ပြစ်မှုဖြစ်တယ်လို့ ဆိုပါတယ်။ထိုင်းဥပဒေကို ကျူးလွန်ပါက နိုင်ငံခြားအလုပ်သမား၏ အလုပ်လုပ်ခွင့် လိုင်စင်ကို ရုပ်သိမ်းနိုင်ကြောင်း Mr. Phairot Chotiskasthira က ပြောကြားပါတယ်။လူဝင်မှုကြီးကြပ်ရေးရုံးကိုလည်း အကြောင်းကြားထားပြီး လူဝင်မှုကြီးကြပ်ရေးဥပဒေ B.E. 2522 အရ နိုင်ငံတော်အတွင်း ဆက်လက်နေထိုင်ခွင့်ကို ရုပ်သိမ်းသွားမယ်လို့ ဆိုပါတယ်။
  • ဒါ့အပြင် နိုင်ငံခြားသား အလုပ်သမားတွေဟာ အလုပ်လုပ်ကိုင်ခွင့်ပါမစ်မရှိဘဲ တရားမ၀င် လာရောက် အလုပ်လုပ်ကိုင်ကြတာကို တွေ့ရှိရပြီး အလုပ်လုပ်ကိုင်ခွင့် ပါမစ်မရှိတဲ့ နိုင်ငံခြားသားအလုပ်သမားတွေကို ပြစ်မှု ဒဏ်ငွေ ဘတ် ၅,၀၀၀ မှ ၅၀,၀၀၀ အထိ ချမှတ်ပြီး မူလနိုင်ငံဆီ ပြန်ပို့ခံရမယ်လို့လည်း ဆိုပါတယ်။အလုပ်ပါမစ်မရှိတဲ့ နိုင်ငံခြားသားတွေကို အလုပ်လုပ်ကိုင်ခွင့်ပေးတဲ့ အလုပ်ရှင်ကို ပြစ်မှု ဒဏ်ငွေ ဘတ် ၁၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ ချမှတ်နိုင်တယ်လို့လည်း Mr. Phairot Chotiskasthira က ပြောကြားပါတယ်။

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *