တောင်ကိုရီးယားကို မေလကုန်မှာ လုပ်သားဟောင်း ၁၄၀ နီးပါးစေလွှတ်မယ်

တောင်ကိုရီးယားကို မေလကုန်မှာ လုပ်သားဟောင်း ၁၄၀ နီးပါးစေလွှတ်မယ်

မေ ၁၈ ရက်
အရုဏ်ဦး၊ Migrant Times
  • တောင်ကိုရီးယားနိုင်ငံကို မေလကုန်မှာ လုပ်သားဟောင်း ၁၄၀ နီးပါး ထပ်စေလွှတ်မယ်လို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)က ကြေညာပါတယ်။အလုပ်သမားဟောင်း(Re-entry) ၁၃၆ ဦးဟာ မေလ ၂၉ ရက်မှာ တောင်ကိုရီးယားနိုင်ငံကို သွားရောက်ရမှာဖြစ်တာကြောင့် လိုအပ်တာတွေ ပြင်ဆင်နိုင်ဖို့ မေလ ၂၂ ရက်မှာ ပင်လုံခန်းမဆီလာရောက်ကြဖို့ အသိပေးထားပါတယ်။အခုသွားရောက်ရမယ့်သူတွေဟာ တောင်ကိုရီးယားနိုင်ငံမှာ မူလလုပ်သက်အပြည့်လုပ်ကိုင်ခဲ့ပြီး အလုပ်ရှင်က ဆက်လက်စာချုပ်ချုပ်ဆိုခေါ်ယူထားသူတွေ ဖြစ်ပါတယ်။
  • “လုပ်သားအသစ်တွေလည်း ဆက်ထွက်ဖို့ရှိတယ်။ လုပ်သားဟောင်းတွေက ဒီတစ်ခေါက်များတယ်”လို့ ကိုရီးယားဘာသာသင်တန်းကျောင်းနည်းပြတစ်ဦးက ပြောပါတယ်။တောင်ကိုရီးယားနိုင်ငံဟာ လုပ်သားလိုအပ်ချက်ကြောင့် မြန်မာလုပ်သားတွေ တိုးမြှင့်ခေါ်ယူနေသလို လုပ်သားဟောင်းတွေကိုလည်း ဆက်ပြီးခေါ်ယူခန့်ထားတာတွေ များလာတယ်လို့သိရပါတယ်။လက်ရှိအဲဒီနိုင်ငံမှာ မြန်မာလုပ်သားဦးရေ ၅၀၀၀၀ နီးပါးရောက်ရှိနေကာ လစဥ်လုပ်သားဦးရေ ရာချီဆက်လက်ထွက်ခွာနေတယ်လို့ မှတ်တမ်းတွေအရသိရပါတယ်။

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *