ဘန်‌ကောက်‌အဝေးပြေးကားဂိတ်မှာ ရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းရဲဟန်ဆောင်ပြီး စစ်ဆေးငွေတောင်းသူတွေကို ဖမ်းဆီး

ဘန်‌ကောက်‌အဝေးပြေးကားဂိတ်မှာ ရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းရဲဟန်ဆောင်ပြီး စစ်ဆေးငွေတောင်းသူတွေကို ဖမ်းဆီး

မေလ ၃၁ ရက်
ခွန်သောမတ်၊ Migrant Times
  • ထိုင်းနိုင်ငံ၊ ဘန်‌ကောက်က အဝေးပြေးကားဂိတ်တစ်ခုဖြစ်တဲ့ ကျတုကျပ် (မော်ချစ်မိုင်)ဂိတ်မှာ ခရီးသည်တွေကို ထိုင်းရဲဟန်ဆောင်ပြီး အ‌‌ထောက်အထားစစ် ငွေညှစ်မှုတွေလုပ်ဆောင်နေတဲ့ လိမ်လည်သူအဖွဲ့ခေါင်းဆောင်ထိုင်းအမျိုးသားတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးမိခဲ့ပါတယ်။ပြီးခဲ့တဲ့မေလ၂၇ ရက်က ဘန်ကောက်မြို့ထဲရှိ ကျတုကျပ် ( မော်ချစ်မိုင်)ကားဂိတ်မှာ လိုင်စင်မဲ့ ဆိုင်ကယ်ကယ်ရီသမား ၅ ဦးနဲ့ ထိုင်းရဲဟန်ဆောင်လိမ်လည်သူ ၅ ဦးနဲ့ ပေါင်းပြီး မြောက်ပိုင်းဘက်ကခရီးထွက်လာတဲ့ ခရီးသည်တွေကို အထူးသဖြင့် ရွှေ့ပြောင်းအလုပ်သမားခရီးသည်များကို အထောက်အထားစစ်ခြင်း၊ မူးယစ်ဆေးသုံးစွဲထားခြင်းရှိ၊ မရှိ ဆီးစစ်မှုတွေပြုလုပ်ပြီး ငွေညှစ်နေသူ ခေါင်းဆောင်တစ်ဦးကို နယ်မြေခံဘန်ဆူးရဲစခန်းက ရဲတွေက ဖမ်းမိခဲ့တယ်လို့ ထိုင်းရတ်သတင်းဌာနမှာ ဖော်​​ပြထားပါတယ်။
  • လိမ်လည်ငွေညှစ်ခံရသူတွေက ဘန်ဆူးရဲစခန်းကို လူမှုကွန်ယက်ကနေ တိုင်ကြားခဲ့တာပါ။ အဓိကတိုင်ကြားသူကတော့ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့ကနေ ဘန်ကောက်မြို့ မော်ချစ်မိုင်ဂိတ်ကိုလာတဲ့ အထောက်အထားအပြည့်အစုံရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတစ်ဦးဖြစ်ပါတယ်။ လိမ်လည်သူများက ၅ ဦးကနေ ၁၀ ဦး အထိအုပ်စုဖွဲ့ပြီး အထောက်အထားရှိ၊ မရှိစစ်ဆေးခြင်းနဲ့ မူးယစ်ဆေးသုံးစွဲထားခြင်းရှိ၊ မရှိကို အဓိကထားစစ်ဆေးမှုပြုလုပ်ပြီး ငွေညှစ်တယ်လို့ သူက ဆိုပါတယ်။လက်ရှိမှာ ခေါင်းဆောင်ဖြစ်သူတစ်ဦးကိုသာ ဖမ်းဆီးရမိထားပြီး ဘန်ဆူးရဲစခန်းက တာဝန်ရှိသူတွေက တခြားပါဝင်ပတ်သက်သူများကိုလည်း ဆက်လက်ဖော်ထုတ်အရေးယူမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရဲတွေရဲ့မှတ်ချက်ပေးမှုအရ ဒီလုပ်ဆောင်ချက်တွေမှာ ရဲအစစ်တွေပါဝင်ပတ်သက်မှုရှိနိုင်ပြီး ဖော်ထုတ်သွားမယ်လို့ သိရပါတယ်။
  • ပြည်သူများနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ အခုအဖြစ်အပျက်မျိုးနဲ့ကြုံတွေ့ရင် ဖုန်းကင်မရာ သို့မဟုတ် မှတ်တမ်းလုပ်ဆောင်နိုင်တဲ့ အရာတစ်ခုခုနဲ့ မှတ်တမ်းယူဖို့ခွင့်တောင်းဖို့၊ စစ်ဆေးတဲ့ရဲဆီက​နေ ဝန်ထမ်းကဒ်ပြားကို အရင်ဦးဆုံး တောင်းကြည့်သင့်ကြောင်း ဘန်ကောက်မြို့၊ ဘန်ဆူးရဲစခန်း ဒုစခန်းမှူး ဒုရဲမှူးကြီး ဝေါ်ရဖတ်က အကြံပေးပြောကြားထားပါတယ်။

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *