ထိုင်းနိုင်ငံထဲ ခိုးဝင်လာတဲ့ ကမ္ဘောဒီးယားအလုပ်သမား ၉ ဦးကို ဖမ်းဆီး

ထိုင်းနိုင်ငံထဲ ခိုးဝင်လာတဲ့ ကမ္ဘောဒီးယားအလုပ်သမား ၉ ဦးကို ဖမ်းဆီး
- ထိုင်းနိုင်ငံ အရှေ့ဘက်၊ Sa Kaeo ပြည်နယ်၊ Aranyaprathet မြို့နယ်၊ Thap Prik Sub ကျေးရွာအုပ်စု၊ Khlong Somboon ရွာအနီး စစ်ဆေးရေးဂိတ်မှာကမ္ဘောဒီးယားနိုင်ငံသား တရားမဝင် ေရွှ့ပြောင်းအလုပ်သမား ၉ ဦးကို ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။နယ်ခြားစောင့်ရဲ တပ်ဖွဲ့ခွဲ ၁၊ နယ်ခြား စောင့်ရဲ ကွပ်ကဲမှု အဖွဲ့ ၁၂ က ကြံတောဧရိယာအတွင်း ကမ္ဘောဒီးယားအလုပ်သမား ၉ ဦးကို တွေ့ရှိဖမ်းဆီးခဲ့ကြောင်း ရဲမှူးကြီး Thapanon Nongpong နဲ့ ရဲမှူးကြီး Sarawut Iamsamang အဖွဲ့ထံက သိရပါတယ်။
- ဖမ်းဆီးခံရသူတွေဟာ ကမ္ဘောဒီးယားနိုင်ငံ၊ ပြည်နယ်အသီးသီးက လာရောက်ကြတာဖြစ်ပြီး ထိုင်းနိုင်ငံ Rayong ပြည်နယ်နဲ့ Bangkok ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ အလုပ်လုပ်ဖို့ တစ်ဦးကို ဘတ်ငွေ ၄,၅၀၀ စီ ပေးပြီး ထိုင်းနိုင်ငံထဲ ဝင်လာတာလို့ သိရပါတယ်။ဖမ်းဆီးခံရတဲ့ အလုပ်သမား ၉ ဦးကို Sa Kaeo ပြည်နယ်၊ Aranyaprathet မြို့နယ်၊ မြောက်နမ့်ဆိုင်း ရဲစခန်းမှာ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း စုံစမ်းရေးမှူး ဒု-ရဲမှူးကြီး Samart Marksman က ပြောပါတယ်။
