တောင်ကိုရီးယားနိုင်ငံကို ရာသီလုပ်သားပို့ပေးမယ်ဆိုတဲ့ အဖွဲ့အစည်းတွေကို မယုံကြည်ဖို့ သံရုံး သတိပေး

တောင်ကိုရီးယားနိုင်ငံကို ရာသီလုပ်သားပို့ပေးမယ်ဆိုတဲ့ အဖွဲ့အစည်းတွေကို မယုံကြည်ဖို့ သံရုံး သတိပေး

ဇွန် ၁၂ ရက်
အရုဏ်ဦး၊ Migrant Times
  • တောင်ကိုရီးယားနိုင်ငံကို နိုင်ငံခြားသား ရာသီလုပ်သားပို့ပေးမယ်ဆိုတဲ့ အဖွဲ့အစည်းတွေကို မယုံကြည်ဖို့နဲ့ သူတို့အနေနဲ့အလုပ်သမားစေလွှတ်ခွင့်မရထားဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ ​ကိုရီးယားသံရုံးက သတိပေးချက်ထုတ်ပြန်ထားပါတယ်။တောင်ကိုရီးယားမှာ နိုင်ငံခြားသားရာသီအလိုက်အလုပ်လုပ်ကိုင်ရေးစနစ် နဲ့ပတ်သက်လို့ ဆုံးရှုံးနစ်နာမှုတွေရှိနေတာနဲ့ပတ်သက်လို့စိစစ်မှုတွေပြုလုပ်ပြီး ထုတ်ပြန်ရတာလို့ဆိုပါတယ်။တောင်ကိုရီးယားနိုင်ငံဒေသန္တရအစိုးရ က ပြည်ပနိုင်ငံတွေက ဒေသန္တရအစိုးရနဲ့တိုက်ရိုက်ဆက်သွယ် ညှိနှိုင်းကာနားလည်မှုစာချွန်လွှာ ရေးထိုးပြီး ရာသီအလုပ်သမား စိစစ်လက်ခံ​တာလို့ ဆိုပါတယ်။
  • နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးထားတဲ့ဒေသန္တရအစိုးရကလွဲပြီး တခြားမည်သည့်ဌာန၊ အဖွဲ့အစည်း၊ အရပ်သားမှ အလုပ်သမားစေလွှတ်ခွင့်မရှိသလို လုပ်ပိုင်ခွင့်ကိုယ်စားလှယ်လွှဲပြောင်းခွင့်မရှိတဲ့အတွက် အခကြေးငွေကော်မရှင်ခံစားခွင့်လည်းမရှိဘူးလို့ အသိပေးထားပါတယ်။မကြာခင်က ECI(နိုင်ငံတကာ စီးပွားရေးယဥ်ကျေးမူနှီးနှောဖလှယ်ရေးအဖွဲ့)ဆိုတဲ့အဖွဲ့အစည်းတစ်ခုက လုပ်ပိုင်ခွင့်ရှိတဲ့အဖွဲ့အစည်းအသွင်မမှန်မကန်ပြုလုပ်ပြီး အလုပ်သမားစေလွှတ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။
  • အဲဒီလိုလုပ်ဆောင်နေတဲ့အဖွဲ့အစည်း၊ကုမ္ပဏီတွေကိုမယုံကြည်ကြဖို့နဲ့ သိရှိလိုတာရှိရင်ကိုရီးယားသံရုံးထံတိုက်ရိုက်ဆက်သွယ်စုံစမ်းနိုင်တယ်ဆိုပြီးတော့လည်းအသိပေးထားပါတယ်။ရာသီလုပ်သား ဖြစ်တဲ့စိုက်ပျိုးရေးနဲ့ငါးဖမ်းလုပ်ငန်းတွေမှာ လုပ်ကိုင်လိုတဲ့အလုပ်သမားတွေကို အဖွဲ့အစည်းအမည်ခံတွေက ကျေးရွာတွေအထိဆင်းကာစည်းရုံးငွေတောင်းတာတွေ ရှိနေတယ်လို့ ကိုရီးယားဘာသာလေ့လာနေသူတချို့က ဆိုပါတယ်။”သူတို့အပြောကအင်တာဗျူးဝင်စရာမ    လိုဘူး။အမြန်သွားရမယ်ပေါ့။အရမ်းလွယ်လွန်းနေတော့သံသယဖြစ်နေတာ။တချို့အလွယ်သွားချင်တဲ့သူတွေကငွေသွင်းလိုက်ကြတယ်”လို့ EPSစနစ်နဲ့တောင်ကိုရီးယားနိုင်ငံကိုသွားဖို့သင်တန်းတက်နေသူတစ်ဦးကပြောပါတယ်။
  • အဲဒီအဖွဲ့တွေက အလုပ်သမားတစ်ဦးကိုကျပ်သိန်း ၂၀ လောက်အထိတောင်းယူနေတာဖြစ်ပြီး စိတ်ဝင်စားသူတွေများနေတယ်လို့လည်းသိရပါတယ်။တောင်ကိုရီးယားနိုင်ငံကခေါ်ယူနေတဲ့ ရာသီလုပ်သားဟာ စိုက်ပျိုးရေးနဲ့ငါးလုပ်ငန်းတွေအတွက် ရည်ရွယ်ခေါ်ယူတာဖြစ်ပြီး ရက်၉၀(C-4)ဗီဇာ သို့မဟုတ် ၅လ (E-8)ဗီဇာနဲ့ အချိန်အကန့်အသတ်ဖြင့်လုပ်ကိုင်ရတဲ့စနစ်ဖြစ်တယ်လို့သိရပါတယ်။အဲဒီလုပ်သားအမျိုးအစားကို တိုင်းဒေသကြီးအစိုးရအဖွဲ့တချို့က စေလွှတ်ဖို့ကြိုးစားခဲ့ဖူးပေမယ့် အကောင်အထည်မဖော်နိုင်သေးဘူးလို့လည်း အဲဒီလုပ်ငန်းအသိုင်းအဝိုင်းကဆိုပါတယ်။လက်ရှိမှာ နှစ်နိုင်ငံအစိုးရချင်းသဘောတူညီမှု ဖြစ်တဲ့ EPSအလုပ်သမားတွေကိုပဲဆက်လက်စေလွှတ်နေပြီး လက်ရှိတောင်ကိုရီးယားနိုင်ငံမှာ EPSလုပ်သားဦးရေ ၅၀,၀၀၀နီးပါးရောက်ရှိလုပ်ကိုင်နေတယ်လို့ အလုပ်သမားရေးရာမှတ်တမ်းတွေအရ သိရပါတယ်။

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *