တရားမဝင်မြန်မာလုပ်သား ၈ ဦး ထိုင်းမှာ ဖမ်းဆီးခံရ

တရားမဝင်မြန်မာလုပ်သား ၈ ဦး ထိုင်းမှာ ဖမ်းဆီးခံရ
- ထိုင်းနိုင်ငံအလယ်ပိုင်း၊ Bueng Sam Phan မြို့နယ်၊ သီရီမုန်ခွန် ကျေးရွာအုပ်စုရှိ ချိုင်းယာဖွန် နခွန်ဆာ၀န် လမ်းမကြီးပေါ်မှာ တရားမ၀င် မြန်မာလုပ်သား ၈ ဦး တင်ဆောင်လာတဲ့ ကားနှစ်စီးကို ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။အဲဒီ ကားနှစ်စီးကို တားဆီးစစ်ဆေးခဲ့ရာ ထိုင်းနိုင်ငံသား ယာဉ်မောင်း မစ္စတာ Anuram နဲ့ မစ္စတာ Pongkon၊ တရားမဝင် နည်းလမ်းနဲ့ ထိုင်းနိုင်ငံထဲ ဝင်လာတဲ့ မြန်မာ ၈ ဦးကို ဖမ်းဆီးမိခဲ့တယ်လို့ ထိုင်းဘုရင့် ရဲတပ်ဖွဲ့ ရဲမှူးကြီး Jaroonkiat Pankaew က ပြောပါတယ်။တရား၀င် စာရွက်စာတမ်းမရှိတဲ့ မြန်မာရွေ့ပြောင်းအလုပ်သမား ၈ ဦးဟာ တစ်ဦးကို ဘတ် ၆၀၀၀ နဲ့ ပို့ဆောင်ခပေးပြီး မြန်မာ-ထိုင်းနယ်စပ် ဖြစ်တဲ့ Tak တပ်ပြည်နယ်၊ Wang Chao ခရိုင်ကတစ်ဆင့် တောလမ်းကို အသုံးပြုပြီး ဘန်ကောက်ကို ပို့ဆောင်ရမှာဖြစ်တယ်လို့ ကားသမားတွေက ဆိုပါတယ်။
