နိုဝင်ဘာ ၁၉ရက်၊အရုဏ်ဦး ပြည်ပအလုပ်အကိုင်အေဂျင်စီအရေအတွက်မှာ ၅၉၈ ခုအထိရှိလာပြီး တစ်ဝက်လောက်က အလုပ်သမားပုံမှန်မပို့နိုင်ကြဘူးလို့ အဲဒီလုပ်ငန်းအသိုင်းဝိုင်းဆီက သိရပါတယ်။ ပြည်ပအလုပ်အကိုင်အေဂျင်စီအသစ်ဖွင့်လှစ်လုပ်ကိုင်တာတွေမှာ ဒီဖက်နှစ်ပိုင်းအတွင်းတရှိန်ထိုးများလာပေမယ့် ပြည်ပအလုပ်အကိုင်စျေးကွက်ကတော့ သိသိသာသာတိုးမလာဘူးလို့ ဆိုပါတယ်။ “အဆက်အသွယ်၊အချိတ်အဆက်များတဲ့အေဂျင်စီဟောင်းတွေတောင် ဒီကာလမှာ မနည်းရုန်းကန်နေရတာ။တစ်လအတွင်းအလုပ်သမားတစ်ယောက်မှမပို့နိူင်တဲ့အေဂျင်စီတွေတောင်ရှိတယ်”လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။…