တောင်ကိုရီးယားမှာမြန်မာ လုပ်သား တစ်ဦးလုပ်ငန်းခွင်တွင် ရုတ်တရက် သေဆုံး

တောင်ကိုရီးယားမှာမြန်မာ လုပ်သား တစ်ဦးလုပ်ငန်းခွင်တွင် ရုတ်တရက် သေဆုံး
- တောင်ကိုရီးယားနိုင်ငံမှာ မြန်မာလုပ်သားတစ်ဦးဒီနေ့မနက်က ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း တိုက်ပေါ်က ပြုတ်ကျသေဆုံးသွားတယ်လို့ အဲဒီနိုင်ငံရှိမြန်မာအသိုင်းအဝိုင်းထံကသိရပါတယ်။ဒီနေ့မနက် ၇ နာရီ အချိန်ခန့်က အင်ချွန်းမြို့ကြီး ဆုန်ဒိုအနီး အဆင့်မြင့် အိမ်ယာ ဆောက်လုပ်ရေး လုပ်ငန်းခွင်ရှိ၁၅ ထပ်မှ သေဆုံးသွားတာလို့ဆိုပါတယ်။ကွယ်လွန်သူဟာ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမှိုင်းမြို့နေ ကလေး ၂ ယောက် ဖခင် အသက်၄၄နှစ်အရွယ် ကိုသိန်းထွန်း ဖြစ်တယ်လို့ မြန်မာလုပ်သားတွေအရေးကူညီပေးနေတဲ့ ကိုဇော်မိုးအောင်က သူ့ရဲ့ဖေ့ဘွက်ခ်လူမှုကွန်ရက်မှာရေးသားအသိပေးထားပါတယ်။
- ကိုသိန်းထွန်းဟာ လာမယ့် နိုဝင်ဘာလမှာ မြန်မာပြည်ပြန်မယ်ဆိုပြီး ပြင်ဆင်ထားရာမှ အခုလိုရုတ်တရက် ကွယ်လွန်သွားခဲ့တာလို့လည်း သိရပါတယ်။ကွယ်လွန်သူရဲ့ ကျန်ရစ်သူမိသားစုနဲ့ ဆက်သွယ်ကာ အသုဘ ကိစ္စများကို ဆောင်ရွက်နေတယ်လို့ ကိုဇော်မိုးအောင်က ဆိုပါတယ်။