ထိုင်းရောက်မြန်မာတွေ Dee Money နဲ့ငွေလွှဲဖို့ သံရုံးတိုက်တွန်း

ထိုင်းရောက်မြန်မာတွေ Dee Money နဲ့ငွေလွှဲဖို့ သံရုံးတိုက်တွန်း

Migrant Times
စကားဝါ၊ ဩဂုတ် ၁၁ ရက်
  • ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့ မြန်မာရွေ့ပြောင်းအလုပ်သမားတွေ အနေနဲ့ ပြည်တွင်းကို ငွေလွှဲမှုပြုလုပ်တဲ့အခါ ပိုမိုသက်သာလွယ်ကူနိုင်ဖို့ ရည်ရွယ်ထားတယ်ဆိုတဲ့ Dee Money App ကို ဘန်ကောက်သံရုံးက ကြေညာခဲ့ပါတယ်။စစ်ကောင်စီဟာ ပြည်ပရောက်မြန်မာရွေ့ပြောင်းလုပ်သားတွေ ဘဏ်စနစ်သုံးပြီး အခြေခံလုပ်ခလစာရဲ့ ၂၅ ရာခိုင်နူန်းကို ပြည်တွင်းကိုပြန်လွှဲဖို့ စီစံချက်တွေ ပြုလုပ်ထားတဲ့အပြင် သူတို့လက်အောက်မှာရှိနေမယ့် ဒီ App ကို ဩဂုတ် ၉ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။
  • သံရုံးရဲ့ ကြေညာချက်မှာတော့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများသည် အကြောင်းကိစ္စ အမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့ ငွေလွှဲပြောင်းရာတွင် လိမ်ညာခံရခြင်း၊ ငွေလွှဲခဈေးနှုန်းကြီးမြင့်ခြင်း၊ အာမခံချက်မရှိခြင်းတို့ကြောင့် ယခု တရားဝင်ငွေလွှဲဝန်ဆောင်မှုကို မြန်မာ-ထိုင်း ဘဏ်မဟုတ်သော ငွေကြေးဝန်ဆောင်မှုလုပ်ငန်းနှစ်ခု ပူးပေါင်းတည်ထောင်ခဲ့တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
  • Dee Money App ကို ထဲထဲဝင်ဝင် အသုံးပြုကြဖို့အတွက် စက်ရုံ၊ အလုပ်ရုံတွေကို သွားရောက်လုပ်ကိုင်ပေးဖို့ စီစဉ်ထားပြီး သံရုံးဖွင့်ရက်တွေမှာ သံရုံးမှာလည်း ပြုလုပ်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။ထိုင်းရောက် မြန်မာရွေ့ပြောင်း အလုပ်သမားအများစုဟာ ပြည်တွင်းကို ငွေကြေးလွှဲပြောင်းမှု လုပ်ရာမှာ ဘဏ်စနစ်က အခက်အခဲတွေအများကြီးရှိနေပြီး ငွေကြေးလဲလှယ်နူန်း ကွာဟချက်တွေကြောင့် အခြားသော ငွေလွှဲပုံစံတွေကို အသုံးပြုနေကြတာဖြစ်ပါတယ်။

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *