ထိုင်းမှာ မြန်မာလုပ်သားတွေ လိုက်ပါလာတဲ့ကားက သစ်လုံးတင် ဆယ်ဘီးကားကို နောက်က ၀င်တိုက်လို့ ၁ ဦးသေ၊ ၅ ဦး ဒဏ်ရာရ

ထိုင်းမှာ မြန်မာလုပ်သားတွေ လိုက်ပါလာတဲ့ကားက သစ်လုံးတင် ဆယ်ဘီးကားကို နောက်က ၀င်တိုက်လို့ ၁ ဦးသေ၊ ၅ ဦး ဒဏ်ရာရ

ဩဂုတ် ၁၇ ရက်
ခွန်သောမတ်၊ Migrant Times
  • ထိုင်းနိုင်ငံ၊ ကန်ချနဘူရီပြည်နယ်၊ Muang Kanchanaburi မြို့နယ်၊ ကိုင်လဲမ်ကျေးရွာမှာ မြန်မာလုပ်သားတွ လိုက်ပါလာတဲ့ကားက သစ်လုံးတင် ဆယ်ဘီးကားကို နောက်က ၀င်တိုက်လို့ ၁ ဦးသေ၊ ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။မြန်မာလုပ်သားတွေ လိုက်ပါလာတဲ့ကားဟာ ရှေ့မျက်နှာတစ်ခြမ်း ပျက်စီးသွားပြီး ကားပေါ်မှာ လိုက်ပါလာတဲ့ ၆ ဦးအနက် အမျိုးသမီးတစ်ဦးဟာ အခင်းဖြစ်နေရာမှာ သေဆုံးပြီး ကလေးတစ်ဦးအပါအဝင် ၅ ဦးက ဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။ကားပေါ်ပါလာတဲ့ မြန်မာလုပ်သားတွေဟာ စမွတ်စခွန်ပြည်နယ်မှာ အလုပ်လုပ်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဖြစ်ကြောင်း ဒု-ရဲမှူးကြီး Thammawat Sukhiwat က ပြောပါတယ်။
ကိုးကား-www.naewna.com

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *