ဂျပန်နိုင်ငံရှိ ကုမ္ပဏီ ၇၀၀၀ ကျော် နိုင်ငံခြား အလုပ်သမားဆိုင်ရာဥပဒေ ချိုးဖောက်

ဂျပန်နိုင်ငံရှိ ကုမ္ပဏီ ၇၀၀၀ ကျော် နိုင်ငံခြား အလုပ်သမားဆိုင်ရာဥပဒေ ချိုးဖောက်
- ဂျပန်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ်က ကုမ္ပဏီပေါင်း ၇၂၄၇ ကျော်ကို သုတေသန စစ်တမ်း ကောက်ယူမှုအရ နိုင်ငံခြားသား အလုပ်သမားများဆိုင်ရာ ဥပဒေကျင့်ထုံးတွေကို ချိုးဖောက်ခဲ့ကြောင်း ကျိုဒိုသတင်းဌာနက ဖော်ပြပါတယ်။အကျင့်ပျက်ခြစားမှုနဲ့ စွပ်စွဲခံထားရတဲ့ ကုမ္ပဏီ ၉,၈၂၉ ခုဟာ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေး ချိုးဖောက်နေပြီး လုပ်အားခ မပေးတဲ့ ပြဿနာတွေရှိနေတယ်လို့ အလုပ် သမားညွှန်ကြားမှုဦးစီးဌာန စုံစမ်းမှုတွေအရ သိရပါတယ်။စိုက်ပျိုးရေးနဲ့ ကုန်ထုတ်လုပ်မှုအတွက် နိုင်ငံခြားသားအလုပ်သင် သင်တန်းသား အစီအစဉ်မှာလည်းအလုပ်သင်တွေကို အလွဲသုံးစားလုပ်မှု အများအပြားရှိကြောင်း စိစစ်တွေ့ ရှိရပါတယ်။
- တချို့ ကုမ္ပဏီတွေဟာ နိုင်ငံခြားသား အလုပ်သင်နဲ့ သင်တန်းသားတွေအပေါ် တရားမ၀င် အချိန်ပို တစ်လ နာရီ ၁၀၀ ကျော် အလုပ်ခိုင်းနေပွီး အလုပ်သမား စံချိန်စံညွှန်း စစ်ဆေးရေးရုံးက အန္တရာယ်ရှိတဲ့ ချိုးဖောက်မှုလို့ သတ်မှတ်တဲ့အမှု ၂၁ မှုကို တရားလို ရှေ့နေတွေဆီ လွှဲပြောင်းပေးထားကြောင်း ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ကိုရိုနာ ဗိုင်းရပ်စ် ကပ်ရောဂါ ကာလအတွင်း ဂျပန်နိုင်ငံမှှာ နိုင်ငံခြားသား အလုပ်သင် အရေအတွက် တိုးလာခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ ဂျပန်နိုင်ငံမှာ နိုင်ငံခြားသားအလုပ်သင်ဦးရေ ၂၇၆,၀၀၀ ခန့်ရှိပြီး ၂၀၂၂ ခုနှစ်အကုန်မှာ နိုင်ငံခြားသားအလုပ်သင်ဦးရေ ၃၂၅,၀၀၀ ခန့်ထိ တိုးလာခဲ့ပါတယ်။အခုနှစ် ဧပြီလနှောင်းပိုင်းက အစိုးရဟာ နိုင်ငံခြားသားတွေအတွက် အလုပ်သင်အစီအစဉ်ကို ဖျက်သိမ်းဖို့ အဆိုပြုထားပြီး အခကြေးငွေ မရတာနဲ့ တခြားလူ့အခွင့်အရေးချိုးဖောက်မှု အပါအဝင် တရားစွဲမှုအများအပြားကို ကိုင်တွယ်ဖြေရှင်းဖို့ စနစ်သစ်တစ်ရပ်ကို မိတ်ဆက်ပေးခဲ့ပါတယ်။ဂျပန်နိုင်ငံမှာ အလုပ်လုပ်နိုင်တဲ့ အသက်အရွယ် လူဦးရေဟာ ဆက်လက်ကျဆင်းနေပြီး ပြည်ပကနေ စျေးပေါတဲ့ အလုပ်သမားတင်သွင်းလိုတဲ့ ကုမ္ပဏီတွေအတွက် လမ်းကြောင်းတစ်ခုဖြစ်နေတယ်လို့ ဆိုပါတယ်။
