စမွတ်စခွန်ပြည်နယ်မှာ မြန်မာအလုပ်သမားအချင်းချင်း ဥပဒေမဲ့ သေနတ်ပစ်ခြိမ်းခြောက်

စမွတ်စခွန်ပြည်နယ်မှာ မြန်မာအလုပ်သမားအချင်းချင်း ဥပဒေမဲ့ သေနတ်ပစ်ခြိမ်းခြောက်
- ထိုင်းနိုင်ငံ၊ စမွတ်စခွန်ပြည်နယ်၊ စမွတ်စခွန်မြို့၊ ထားဆိုင်ကျေးရွာအုပ်စု မူထိ (၇) ထားဆိုင် ယူနီယံလမ်းသွယ်မှာ မြန်မာအလုပ်သမား လူငယ်အချင်းချင်း စိုက်ကြည့်တာကို မကျေနပ်လို့ သေနတ်ကို ဆွဲထုတ်ပြီး ခြိမ်းခြောက် ပစ်ခတ်ခဲ့ပါတယ်။အခင်းဖြစ်တဲ့ အငှားအဆောက်အအုံရှေ့မှာ မြန်မာနိုင်ငံသား အမျိုးသားနှစ်ဦးဟာ အပြန်အလှန် ငြင်းခုံပြီးအနက်ရောင် တီရှပ် ဝတ်ဆင်ထားသူဟာ ပစ်စတိုသေနတ်ဖြင့် ၂ ချက် ၃ ချက် ပစ်ဖေါက်ပြီး အခန်းကို ကျည်ထိ မှန်ကွဲသွားခဲ့ကြောင်းသိရပါတယ်။အခင်းဖြစ်တဲ့ နေရာမှာ ၃၅ ဒသမ ၇ ကျည်ခေါင်း ၃ လုံးကို သိမ်းဆည်းရမိခဲ့ပြီး အခင်းဖြစ်ပွားစဉ် မြန်မာအလုပ်သမား တရားခံနှစ်ဦးကို အဆောက်အအုံ၏ CCTV မှတ်တမ်းများနဲ့အတူ ထိုင်းဥပဒေအရ ထိရောက်စွာ အရေးယူဖို့ Muang Samut Sakhon ရဲစခန်းကို သွားရောက်တိုင်ကြားခဲ့ကြောင်း မစ္စ Kamornwan အငှားအဆောက်အဦ စီမံခန့်ခွဲရေး မန်နေဂျာ က ပြောပါတယ်။
