စက်ရုံတချို့ လုပ်ခ ၅၆၀၀ သတ်မှတ်ထားပေမယ့် အလုပ်ထုတ်ခံရသူတွေကို ၄၈၀၀ကျပ်နဲ့ပဲ ရှင်းပေးနေတယ်လို့ဆို

စက်ရုံတချို့ လုပ်ခ ၅၆၀၀ သတ်မှတ်ထားပေမယ့် အလုပ်ထုတ်ခံရသူတွေကို ၄၈၀၀ကျပ်နဲ့ပဲ ရှင်းပေးနေတယ်လို့ဆို

စက်တင်ဘာ ၁၃ ရက်
အရုဏ်ဦး၊ Migrant Times
  • စက်ရုံတချို့က တရက်လုပ်ခကို ၅၆၀၀ ကျပ်သတ်မှတ်ပေးထားပေမယ့် အကြောင်းအမျိုးမျိုးနဲ့ အလုပ်ထုတ်ခံရသူတွေကို ၄၈၀၀ ကျပ်နဲ့ပဲ ရှင်းပေးနေတယ်လို့ အလုပ်သမားတွေဆီကသိရပါတယ်။အလုပ်ထုတ်ခံရသူတွေရဲ့ လုပ်ခနဲ့ ဥပဒေပါ နစ်နာကြေးတွေကို စက်ရုံဘက်က ၄၈၀၀ ကျပ်နဲ့ပဲ ရှင်းပေးနေတာကြောင့် အလုပ်သမားတွေ နစ်နာနေကြရတယ်လို့ ဆိုပါတယ်။”၅၆၀၀သတ်မှတ်ထားရင် ၅၆၀၀ ပေးရမှာပေါ့။ အခုက မလိမ့်တပတ်နဲ့ ၄၈၀၀နဲ့ရှင်းပေးနေတာ။အလုပ်သမားတွေကပြဿနာရှည်မှာစိုးလို့ ငြိမ်ခံနေရတယ်”လို့ ရွှေပြည်သာမြို့နယ်မှ စက်ရုံလုပ်သားတစ်ဦးက ပြောပါတယ်။
  • အဲဒီလို အလုပ်ထုတ်ခံရတဲ့လုပ်သားတွေကို လုပ်ခနှုန်းလျှော့ ထုတ်ပေးတဲ့သတင်းတွေထွက်နေပေမယ့် ဆက်သွယ်တိုင်ကြားသူတော့ရှိမနေသေးဘူးလို့ ပြည်တွင်းအခြေစိုက်အလုပ်သမားအဖွဲ့အစည်းတချို့ကဆိုပါတယ်။ရန်ကုန်မြို့ရှိစက်ရုံတချို့ဟာ ဇွန်လကစပြီး တစ်ရက်လုပ်ခကို ကျပ်၄၈၀၀ ကျပ်ကနေ ၅၆၀၀ ကျပ်တိုးပေးမှုတွေရှိခဲ့တာဖြစ်ပါတယ်။တချို့စက်ရုံတွေကတော့ ဒေးကြေးကို ၄၈၀၀ ကျပ်ပဲဆက်ပေးပေမယ့် အချိန်ပိုကြေးတိုးပေးရမှာစိုးတာကြောင့် ထောက်ပံ့ကြေးဆိုပြီး ကျပ် ၈၀၀ တိုးပေးတာတွေရှိတယ်လို့လည်းသိရပါတယ်။ပြည်တွင်းမှာ တစ်ဆင့်ခံလက်ခစား CMP စက်ရုံ ၇၀၀ နီးပါးရှိပြီး အလုပ်သမား ငါးသိန်းနီးပါးလုပ်ကိုင်နေတယ်လို့ မှတ်တမ်းတွေအရသိရပါတယ်။

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *