နိုဝင်ဘာ၂၈ရက်၊အရုဏ်ဦး ပြည်ပကိုသွားရောက်အလုပ်လုပ်ကိုင်မယ့်သူတွေ ပြည်ပအလုပ်အကိုင်သက်သေခံကတ်(OWIC) လျှောက်ရင် သက်ဆိုင်ရာနိုင်ငံဆီသွားမယ့်လေယာဥ်လက်မှတ်ပြနိုင်မှ လက်ခံတော့မယ်လို့ အလုပ်သမားညွန်ကြားရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ အလုပ်သမားတွေအနေနဲ့အရင်သတ်မှတ်ထားတဲ့အချက်အလက်တွေအပြင် နိုဝင်ဘာ ၂၇ကစပြီး လေယာဥ်လက်မှတ်ပြနိုင်မှ OWICကတ်ထုတ်ပေးမယ်ဆိုပြီး ထုတ်ပြန်ထားတာဖြစ်ပါတယ်။ “လေယာဥ်လက်မှတ်ပြရမယ်ဆိုတော့အလုပ်ပိုရူပ်ကုန်တယ်။ ဘယ်နေ့သွားရမယ်အတိအကျမသိတော့ လေယာဥ်ဒိတ်ယူဖို့ကမလွယ်ဘူးလေ”လို့ OWICကတ်လျှောက်ဖို့ပြင်ဆင်နေသူတစ်ဦးကပြောပါတယ်။ ပြည်ပကိုသွားရောက်အလုပ်လုပ်ကိုင်မယ့်…