အနည်းဆုံးအခကြေးငွေနှုန်းထားအသစ်နဲ့ပတ်သက်လို့ ဝေဖန်​မှုတွေရှိနေ

အနည်းဆုံးအခကြေးငွေနှုန်းထားအသစ်နဲ့ပတ်သက်လို့ ဝေဖန်​မှုတွေရှိနေ

အောက်တိုဘာ ၈ ရက်
အရုဏ်ဦး၊ Migrant Times
  • အနည်းဆုံးအခကြေးငွေနှုန်းထားအသစ်ဟာ ရည်ရွယ်ချက်ရှင်းလင်းမှုရှိမနေတဲ့အပေါ်ဘအလုပ်သမားတွေဆီကဝေဖန်မှုတွေထွက်ပေါ်နေပါတယ်။အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာအမျိုးသားကော်မတီက အနည်းဆုံးအခကြေးငွေ ၄,၈၀၀ ကျပ်အစား ထောက်ပံ့ကြေးကျပ်တစ်ထောင် ထပ်ဆောင်းပေးဖို့ ကြေညာထားတာဖြစ်ပါတယ်။အဲဒါကြောင့် အနည်းဆုံးလုပ်ခနှုန်းအသစ်က တစ်ရက် ၅,၈၀၀ကျပ်ဖြစ်သွားပေမယ့် အချိန်ပိုကြေးကိုတော့ ၄,၈၀၀ကျပ်နဲ့ပဲ တွက်ချက်ရမှာဖြစ်လို့အလုပ်သမားတွေကိုနစ်နာစေတယ်လို့ စက်ရုံလုပ်သားတချို့က ဆိုပါတယ်။”အချိန်ပိုကြေးမှာ ပြန်နည်းသွားမှာဆိုတော့ ဘာမှထူးမလာဘူး။ အနည်းဆုံးလုပ်ခတိုးတယ်ဆိုတဲ့နာမည်ပဲ အဖတ်တင်တယ်”လို့ ရွှေပြည်သာမြို့နယ်မှစက်ရုံလုပ်သားတစ်ဦးကပြောပါတယ်။
  • ဒါ့အပြင် ထောက်ပံ့ကြေး ကျပ်တစ်ထောင်တိုးပေးရမယ်ဆိုတဲ့ ကြေညာချက်က လက်ရှိ တစ်ရက်လုပ်ခ ၅:၆၀၀နဲ့အထက်ပေးနေတဲ့စက်ရုံတွေမှာ အကျုံးဝင်၊  မဝင်ဆိုတာရှင်းရှင်းလင်းလင်းရှိမနေဘူးလို့လည်း အလုပ်သမားတွေကဆိုပါတယ်။” လက်ရှိ ၅,၆၀၀ ရနေတဲ့ရုံတွေက ထောက်ပံ့ကြေး ကျပ်တစ်ထောင်ရဦးမှာလား၊ ဒါမှမဟုတ် ကြေညာချက်နဲ့ညီအောင် ၅,၈၀၀ ကျပ်ပေးပြီး အချိန်ပိုကြေးကို ၄,၈၀၀ ကျပ်နဲ့ပြန်တွက်ပေးမှာလားဆိုတာ မသိရဘူး။ အဲဒီလို ၅,၆၀၀ ကျပ်ရနေတဲ့စက်ရုံတွေက ၅,၈၀၀ ကျပ်(ထောက်ပံ့ကြေးအပါ)နဲ့ပြောင်းပေးပြီး အချိန်ပိုကြေး ၄,၈၀၀ ကျပ်နဲ့တွက်ပေးမယ်ဆိုရင် အလုပ်သမားတွေရရှိမယ့်လစာဟာ တိုးမသွားတဲ့အပြင် ပြန်တောင်လျော့သွားနိုင်တယ်” လို့လည်း အလုပ်သမားတစ်ဦးက ဆိုပါတယ်။ဒါ့အပြင် ထောက်ပံ့ကြေး ကျပ်တစ်ထောင်ခံစားခွင့်ရှိတာဟာ CMP စက်ရုံ၊ အလုပ်ရုံတွေဖြစ်တယ်လို့ ကြေညာချက်မှာဖော်ပြထားတာကြောင့် တခြားလုပ်ငန်းကဏ္ဍမှအလုပ်သမားတွေခံစားခွင့်ရနိုင်၊ မရနိုင်ကိုလည်း အလုပ်သမားတွေက မေးခွန်းထုတ်ထားပါတယ်။

 

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *