နိုဝင်ဘာ ၂၄ ရက်၊
မောင်နေ့သစ်၊ Migrant Times
ထိုင်းနိုင်ငံ၊ ဖန်ငခရိုင်က ခေါင်းလတ်ကမ်းခြေမှာ ခေါက်လတ် စိမ်းလန်းစိုပြေရေးနေ့ကို နိုဝင်ဘာလ ၂၃ ရက်က ကျင်းပခဲ့ပါတယ်။
ပင်လယ်ကမ်းခြေက စွန့်ပစ်အမှိုက်တွေကို ကောက်ယူခဲ့ပြီး စွန့်ပစ်ပစ္စည်း ပြန်လည်အသုံးချပုံကိုလည်း အဲဒီအခမ်းအနားမှာ ပြသခဲ့ပါတယ်။
အခမ်းအနားမှာ ထိုင်းအစိုးရ အာဏာပိုင်တွေ၊
ဒေသခံ လုပ်ငန်းရှင်တွေ၊ မြန်မာရွှေ့ပြောင်းကျောင်းသား၊ ကျောင်းသူတွေလည်း ပူးပေါင်းပါဝင်ခဲ့ပါတယ်။
၂၀၀၄ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ဆူနာမီငလျင်မှာ ထပ်လမု ၊ ခေါက်လတ် ၊ နမ္မခင်း ၊ ဘန်နီးယားဒေသက မြန်မာရွှေ့ပြောင်းလုပ်သား ထောင်ချီသေဆုံးခဲ့ပြီး အလောင်းပြန်ရှာမတွေ့ခဲ့သူတွေတောင် ရှိခဲ့ပါတယ်။