ဖမ်းဆီးခံ မြန်မာရွှေ့ပြောင်း ရေလုပ်သားများ၏ မိသားစုဝင်များ အခက်အခဲတွေနှင့်ရင်ဆိုင်နေရ (ရုပ်/သံ)

ဇန်နဝါရီ ၄ရက်၊
မောင်နေ့သစ်၊Migrant Times
မြန်မာ့ပင်လယ်ပြင်အတွင်း ထိုင်းငါးဖမ်းစက်လှေများမှ တရားမဝင် ဝင်ရောက်ခဲ့တာကြောင့် ငါးဖမ်းစက် လှေအတွင်းပါသွားသည့် ထိုင်းလူမျိုး ( ၄ ) ဦးနှင့်အတူ မြန်မာရွှေ့ပြောင်းရေလုပ်သား (၂၇) ဦးတို့ကို ၂၀၂၄ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့က တရားမဝင်ငါးခိုးဖမ်းမှုနဲ့ မြန်မာစစ်တပ်ကဖမ်းဆီးခဲ့ပါတယ်။
အဆိုပါဖမ်းဆီးခံရသည့် ငါးဖမ်းစက်လှေအတွင်း နှစ်ပေါင်း ၂၀ကျော်ကြာလုပ်ကိုင်နေသူတစ်ဦး၏ မိသားစုဝင်တွေကတော့ ကြုံရာကျပမ်းအလုပ်ကို လုပ်ကိုင်နေကြရပါတယ်။
အမျိုးသားဖြစ်သူ၏ လုပ်ခလစာကိုမှီခိုစားသောက်နေရသည့် မိသားစုဝင်တွေဖြစ်သည့်အတွက် ယခုချိန်မှာတော့ စားဝတ်နေရေးအပြင် နေထိုင်ခွင့်အထောက်အထားနှင့် သားသမီးငယ်တို့၏ ပညာရေးအတွက် အခက်အခဲများစွာနဲ့ရင်ဆိုင်နေရပါတယ်။
ဖမ်းဆီးခံ မြန်မာရွှေ့ပြောင်းအလုပ်သမားအများစုမှာ နမ္မခင်းကျေးရွာအတွင်းကလည်းဖြစ်ကြပါတယ်။

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *