ထိုင်းနိုင်ငံမှာ ကလေးမွေးဖွားနှုန်းတက်ဖို့ ဘတ် ၃၀၀၀ ထပ်ရမယ့် မူဝါဒ ပြင်ဆင်အဆိုပြု

အောက်တိုဘာ ၁၇ရက်
ခွန်သောမတ်စ်၊ Migrants Times
ထိုင်းနိုင်ငံမှာ ကလေးမွေးဖွားနှုန်း တက်ဖို့ ဘတ် ၃၀၀၀ ထပ်ရမယ့် မူဝါဒကို ပြင်ဆင် အဆိုပြုလိုက်ပါတယ်။
ထိုင်းနိုင်ငံမှာ ကေလး မွေးဖွားနှုန်း ပိုအားကောင်းဖို့ တွန်းအားပေးတဲ့အနေနဲ့ ကလေးမွေးဖွားရင် ဘတ် ၃၀၀၀ အကူစရိတ် ပံ့ပိုးမယ့် မူဝါဒအစီအစဉ်ကို အဆိုပြုခဲ့တာပါ။
ပုဒ္မ ၃၃ အရ အာမခံကြေး ဆောင်ထားသူတှေအတှကျ ကလေးစရိတ် တိုးမြှင့်တာဖြစ်ပြီး အလုပ်သမားရှားပါးမှု အကျပ်အတည်းကို ရေရှည်မှာ အမှန်တကယ်ဖြေရှင်းနိုင်ဖို့ ရည်ရွယ်တယ်လို့ အလုပ်သမားဝန်ကြီး ဌာနအကြီးအကဲ မစ္စတာ Pipat Ratchakitprakarn က ပြောကြားပါတယ်။
ထိုင်းနိုင်ငံ လူဦးရေဟာ လူဦးရေအသစ် လျော့ကျနှုန်း မြင့်မားတဲ့ တစ်ချိန်တည်းမှာ သက်ကြီးရွယ်အို အချိုးအစားလည်း တိုးမြင့်လာနေပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ သက်ကြီးရွယ်အို လူ့အဖွဲ့အစည်းကို ချည်းဝင်သွားပြီဖြစ်ကြောင်း၊ စိန်ခေါ်မှုတွေ တိုးမြှင့်လာတာနဲ့အတူ အထူးသဖြင့် အနာဂတ်မှာ လုပ်သားရှားပါးမှုပြဿနာ ရင်ဆိုင်နေရပြီး နိုင်ငံစီးပွားရေး အလုံးစုံ ဖွံ့ဖြိုးတိုးတက်မှုကဏ္႑ကိုလည်း ထိခိုက်မှုရှိလာနိုင်တဲ့ အေနအထား ကြုံတွေ့နေရကြောင်း စပေါ့စ်လိုက်စ် သတင်းမှာ ဖော်ပြပါတယ်။
အနာဂတ်မှာ အလုပ်သမားရှားပါးမှုပြဿနာကို ဖြေရှင်းဖို့မူဝါဒတှေ တင်ပြခဲ့ပြီး လူဦးရေ တိုးပွားမှုအတွက် ကလေးမွေးဖွားနှုန်း လှုံ့ဆော်မှုကို အာရုံစိုက်နိုင်ဖို့၊ အဲဒီမူဝါဒ၊ ပုဒ္မ ၃၃ အရ ကလေးသူငယ်တွေ ကျေးလက် ဒါမွ
မဟုတ် အခြားပြည်နယ်တွေမှာ ကြီးပြင်းရမယ့် အခြေအနေမှာ အာမခံထားသူတှေအတှကျ တစ္လကို ဘတ် ၁၀၀၀ ကေန ဘတ် ၃၀၀၀ အထိ တိုးမြှင့်ပေးဖို့တွေလည်း ပါဝင်ကြောင်း သိရပါတယ်။
လက်ရှိအခြေအနေမှာ လူမှုဖူလုံရေးရုံး (SSO) က ကလေးသူငယ်စရိတ် တစ္လကို ဘတ် ၈၀၀ ပေးဆောင်ပြီး ၂၀၂၅ ခုနှစ်မှာ ဘတ် ၁၀၀၀ အထိ တိုးမြှင့်ဖို့ သဘောတူထားပေမယ့် ဒီငွေပမာဏဟာ အာမခံထားသူကို ကလေးထပ် မွေးဖို့ လှုံ့ဆော်ဖို့ မလုံလောက်တဲ့အတွက် ဒီချဉ်းကပ်မှုအသစ်ကို အဆိုပြုခဲ့ပြီး ကလေးငယ်ရဲ့ စရိတ္စကေတြ ပေါ့ပါးစေဖို့၊ ပြီးတော့ ထိုင်းလူထုကို ကလေးမွေးဖွားနှုန်း မက်လုံးတွေ တိုးမြှင့်ဖို့ အစီအစဉ်တစ်ခုအနေနဲ့ မစ္စတာ Pipat Ratchakitprakarn က ပြောကြားပါတယ်။
ဒီအစီအစဉ်အရ အလုပ်သမားဝန်ကြီးဌာန မူဝါဒနဲ့ ပုဒ္မ ၃၃ မွာ အာမခံထားရှိသူတွေဟာ သားသမီး အရေအတွက် ကန့်သတ်ချက်မရှိဘဲ ဒီအခွင့်အရေးကို ရရွိမွာ ဖြစ်ကြောင်း၊ ကျေးလက်ဒေသ အလုပ်သမားတွေက မွေးဖွားလာတဲ့ ကလေးတွေဟာ ဘိုးဘွားတွေကို ပြန်လည်ပြုစုစောင့်ရှောက်ဖို့ တိုက်တွန်းထားပြီး မိသားစုအ၀န်းအဝိုင်းအတွက် အကျိုးဖြစ်ထွန်းစေမှာ ဖြစ်ပါတယ်။
ကိုးကား- Spotlight News

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *