ရွှေ့ပြောင်းအလုပ်သမားတွေကို ဆက်လက်အလုပ်လုပ်ကိုင်ခွင့် ထိုင်းအစိုးရ ခွင့်ပြု
ဇွန် ၂ ရက်
ခွန်သောမတ်၊ Migrant Times
- အစိုးရသစ်တက်လာချိန်အထိ ရွှေ့ပြောင်းအလုပ်သမား ၂၀၀,၀၀၀ ကျော်ကို အလုပ်ခန့်ထားနိုင်မယ့် သက်တမ်းတိုးစာချုပ်များကို ထိုင်းအစိုးရအဖွဲ့က အတည်ပြုလိုက်ပြီလို့ ဒုတိယဝန်ကြီးချုပ် Wissanu Krea-ngamက ပြောပါတယ်။ထိုင်းအစိုးရအဖွဲ့ဟာ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားတို့မှ အလုပ်သမားများ အလုပ်အကိုင်ခွင့်ကို တိုးမြှင့်ပေးဖို့ ဆုံးဖြတ်လိုက်တာပါ။အစောပိုင်းက သက်တမ်းတိုးပေးဖို့ အလုပ်သမားဝန်ကြီးဌာနရဲ့ တောင်းဆိုမှုကို အစိုးရအဖွဲ့က ပယ်ချခဲ့ပြီး အဲဒီကိစ္စနဲ့ ပတ်သက်လို့ဆုံးဖြတ်ဖို့ နောင်လာမယ့် အစိုးရသစ်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်မှာကို စိုးရိမ်တယ်လို့ ပြောပါတယ်။
- ဒါပေမဲ့ လက်ရှိအစိုးရအဖွဲ့ဟာ ဆုံးဖြတ်ချက်ပြောင်းလဲကာ မရေရာသောအစိုးရသစ်ဖွဲ့စည်းမှု ကြန့်ကြာနေမှုက ကြီးမားတဲ့အလုပ်သမား လေဟာနယ်ဖြစ်မှာကို စိုးရိမ်တာကြောင့် အလုပ်လုပ်ခွင့်သက်တမ်းတိုးမြှင့်ပေးခဲ့တာဖြစ်ပါတယ်။တကယ်လို့သာ သက်တမ်းတိုးမှုဖြစ်မလာဘူးဆိုရင် ထိုင်းကိုရောက်ရှိနေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဟာ နေရပ်ပြန်ကြရမှာဖြစ်ပြီး အစိုးရသစ်တက်လာချိန်အထိ စောင့်ဆိုင်းကာ ထိုင်းမှာရှိတဲ့ သူတို့အလုပ်ခွင်တွေကို ဝင်ခွင့်ရမှာဖြစ်ပါတယ်။
ကိုးကား – ဘန်ကောက်ပို့စ်၊ ကိုဗစ်စစ်ဆေးဖို့စောင့်ဆိုင်းနေတဲ့ ထိုင်းရောက် မြန်မာလုပ်သားတွေကို တွေ့ရစဥ်။ ဓာတ်ပုံ – Getty Images