၂၀၂၂ ခုနှစ်အတွင်း IWFM က တိုင်ကြားစာ ၂၀၀ ဝန်းကျင်ရရှိဟုဆို

၂၀၂၂ ခုနှစ်အတွင်း IWFM က တိုင်ကြားစာ ၂၀၀ ဝန်းကျင်ရရှိဟုဆို
- မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ် (IWFM)က ၂၀၂၂ ခုနှစ်အတွင်းမှာ အလုပ်သမား အခွင့်အရေးချိုးဖောက်ခံရတဲ့ အလုပ်သမားတွေရဲ့ အမှုပေါင်း ၂၀၀ ဝန်းကျင်ကို လက်ခံဖြေရှင်းခဲ့ရတယ်လို့ အဆိုပါ အဖွဲ့ချုပ်ထံက သိရပါတယ်။IWFM ရဲ့ အလုပ်သမားရေး တာဝန်ခံတစ်ဉီးက “ အမှုဆိုတာကတော့ တိုင်ကြားလာတဲ့အဖွဲ့တစ်ခုကို တစ်မှုပေါ့ ဒီလိုသတ်မှတ်တာပေါ့။ အမှုတစ်ခုစီကို တွက်လိုက်ရင်ကျ အရမ်းအများကြီးဖြစ်သွားမယ်။ တစ်ဖွဲ့ကို အနည်းဆုံး သုံးလေးမှုလောက် အကြုံးဝင်နေတာဆိုတော့လေ ” လို့ ဆိုပါတယ်။
- တိုင်ကြားမှုအများဆုံးက ဉပဒေမဲ့ အလုပ်ထုတ်ခံရမှု၊ အိုတီခိုင်းစေပြီး အိုတီကြေးမပေးမှု၊ အောက်နိုက်အောလင်း (မိုးလင်းပေါက်) ခိုင်းစေမှု၊ ကလေးလုပ်သားခိုင်းစေမှုတွေဖြစ်တယ်လို့ သိရပါတယ်။IWFM က အဖွဲ့ဝင်တချို့ဟာ အလုပ်သမားရေး ကူညီဆောင်ရွက်မှုနဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးထောင်ချခံရခြင်း၊ စောင့်ကြည့်ခံရခြင်း ခံနေရပြီး ယခုကဲ့သို့ အလုပ်သမားရေးကိစ္စတွေကို ကူညီဆောင်ရွက်နေကြတာဖြစ်ပါတယ်။